bap-logo
Politics

ဖမ်းဆီးခံရသည်ဟု သတင်းထွက်နေသည့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီးနေရာ စစ်ကောင်စီအစားထိုး

6C37Pj8Z8_RqB1GiiciA8-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၁၆။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု သတင်းထွက် နေသည့် တနင်္သာရီတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနေရာတွင် စစ်ကောင်စီက အခြားတစ်ဦးဖြင့် အစားထိုးခဲ့သည်။

 

ဗိုလ်မှူးကြီးသိန်းလင်းနေရာတွင် ဗိုလ်မှူးကြီးမင်းမင်းလတ်ဆိုသူကို အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊အမှတ်(၂၀)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူနှင့် တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှစတင်ကာ ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ် ခဲ့ပြီးနောက် ထိုသို့အစားထိုးခဲ့ခြင်း ဖြစ်သည်။

 

ပုံစာ - ဖမ်းဆီးခံရသည်ဟု သတင်းထွက်နေသည့် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း (ဓာတ်ပုံ - လူမှုကွန်ရက်)

 

Burma Associated Press

SAC

Share With
bap-logo