bap-logo
Politics

လက်နက်ကြီးကျလို့ လားရှိုးမှာ မိသားစုဝင် ၅ ဦး သေဆုံး

vIyNFWDuZt78Q-J7NdAEX-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၃။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဒီနေ့ ဇူလိုင်လ ရက် မနက် နာရီ အချိန်က မြို့တွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတာကြောင့် မိသားစုဝင် ဦး သေဆုံးခဲ့တယ်လို့ မြို့ခံအချို့ဆီက သိရပါတယ်။

 

ဒီနေ့မနက်ပိုင်းက လားရှိုးတက္ကသိုလ်အနီး ရပ်ကွက်()က လူ နေအိမ်တစ်လုံးထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့်မိသားစု ဦးသေဆုံးခဲ့တာလို့ ဒေသခံအချို့က အသိပေးပြောကြားကြပါတယ်။

 

တမိသားစုလုံး ယောက်စလုံး သေတယ်လည်းပြောကြတယ်၊ အပြင်မထွက်ရကြသေးဘူး၊ ညကထဲက တအားပစ်နေကြတာ၊ ဒီမနက်လည်း သံတွေကြားနေရတယ်၊ ဒီမနက်စစ်ရှောင်နေသူ အများကြီးဖြစ်နေတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

 

လားရှိုးမြို့နယ်က စဉ့်အင်ဖောင်ဆိပ်မှာ ကားတွေတန်းစီစောင့်ဆိုင်းနေကြရပြီး လားရှိုး-စဉ့်အင်ကြား နောင်မွန်ရွာ ဘက်မှာပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။

 

လားရှိုးမြို့အနီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ဇူလိုင်လ ရက် ညပိုင်းက စတင်တိုက်ခိုက်ရာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လတ်တလောမှာ လားရှိုး-နမ့်ပေါင်ဘက်လမ်းပိုင်းတွေ ပိတ်ထားသလို လားရှိုးမြို့အဝင်အထွက် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

 

စစ်ဆင်ရေးအမှတ် - ၁၀၂၇ ရဲ့ ဒုတိယအကြိမ် တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာမြို့နယ်တွေမှာ ဖြစ်နေတာပါ။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

Burma Associated Press

Lashio
military
Artillery
civilian
killed

Share With
bap-logo