bap-logo
Politics

မတ္တရာလေကြောင်းရန်ကာကွယ်ရေးအပါအဝင် စစ်ကောင်စီ အခြေစိုက်စခန်း ၉ ခုထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား

yIowfQ08Zyj8fOt0sXDY1-image

လွန်ခဲ့သော တစ်နှစ် က

 ဇူလိုင် ၂။

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ အမှတ် ၁၀၁၂ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် စစ်ကောင်စီ အခြေစိုက်စခန်း ခုထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး က သတင်းထုတ်ပြန်သည်။

 

မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ဆည်တော် တပ်စခန်း ပန်းသလဲတောင် တပ်စခန်း ရေစိုတောင် တပ်စခန်း နေကျော်တောင် တပ်စခန်း ရွှေပုထိုး တပ်စခန်း ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်သည်ဟုဆိုသည်။

 

မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ရန်သူ့လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

 

ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားလျက်ရှိသည်ဟုလည်းဆိုသည်။

 

ထို့အပြင် တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိသည်ဟု အသိပေးထားသည်။

 

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ဒေသခံအဖွဲ့အစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့သည်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည်၁၀၂၇ စစ်ဆင်ရေး အပိုင်း()”နှင့်အတူ တိုက်ပွဲဝင် လျက်ရှိပြီး နောင်ချို မိုးကုတ် ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်းသိရသည်။

 

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး

 

Burma Associated Press

Madaya
Mandalay
PDF
Mandalay PDF

Share With
bap-logo