bap-logo
Politics

ပုသိမ်ကြီးမြို့နယ်ထဲက ရွာတွေတစ်ရွာ သုံးယောက် စစ်မှုထမ်းဖို့ဆင့်ခေါ်

PQjNfZ_ggGOWLdfkQve6x-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၃။

 

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲကရွာတွေမှာ စစ်ကောင်စီထံစစ်မှုထမ်းဖို့ တစ်ရွာကို သုံးယောက်နှုန်းနဲ့ ဆင့်ခေါ်နေတယ်လို့ ဒေသခံတွေက ပြောလာပါတယ်။

 

မန္တလေးမြို့ရဲ့ပတ်လည်ကကျေးရွာတွေမှာ တစ်အိမ်တစ်ယောက်အစည်းအဝေးခေါ်တယ်၊ တစ်ရွာလုံးမှာ ယောက် စစ်မှုထမ်းရမယ်လို့ ပြောတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပုသိမ်ကြီးမြို့နယ်ထဲက ကုန်းတန်း၊ တဲကုန်း၊ မဲကင်းကုန်း၊ သရက်ကုန်း၊ ကွေ့ကြီးကုန်း စတဲ့ရွာတွေပါတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်မှုထမ်းစာရင်းမှာ မပါသေးတဲ့အိမ်တွေက တစ်အိမ်ကို ကျပ်တစ်သောင်းကနေ သုံးသောင်းအထိ စစ်မှုထမ်းစားရိတ်ထောက်ပံ့ဖို့လည်း ပြောဆိုခဲ့တယ်လို့ အစည်းအဝေးတက်ခဲ့တယ် ဒေသခံတွေက ပြောပါတယ်။

 

ပိုက်ဆံမထည့်ချင်တဲ့အိမ်တွေကိုတော့ စစ်မှုထမ်းစာရင်းထဲ အရင်ထည့်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ငွေကိုဆယ်အိမ်မှူးကိုပေးပြီး သူကမှ အဆင့်ဆင့်သွားမယ်တဲ့လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက အရွယ်ရောက်အမျိုးသားတွေ မဖြစ်မနေ စစ်မှုထမ်းရမဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက် ယခုနှစ် ဧပြီလကနေစပြီး စစ်သင်တန်းတွေပေးနေတာပါ။

 

အခုဆိုရင် စစ်မှုထမ်းဥပဒေအသက်သွင်းပြီး လေးလအတွင်း စစ်သင်တန်းပေးနေတာ အပတ်စဉ် () အထိကိုရောက်လာနေပါပြီ။

 

လတ်တလောမှာ ဆိုရင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး နဲ့ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေး တပ်အပါအဝင် တပ်စခန်း ခုထက်မနည်းကို PDFတွေက သိမ်းပိုက်ထားနိုင်ပါတယ်။

 

ပုံစာ - မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး နဲ့ပူးပေါင်းအဖွဲ့တို့ သိမ်းပိုက်ထားတဲ့ တပ်စခန်းတစ်ခု (ဓာတ်ပုံ- MDY-PDF)

 

Burma Associated Press

Military service law
Patheingyi
youth
Mandalay

Share With
bap-logo