bap-logo
Data

နွေဦးတော်လှန်ရေးကာလ ၃ နှစ်တွင် ABSDF တပ်ဖွဲ့ဝင် ၂၄ ဦးကျဆုံးခဲ့

tiPSKk4laSMjm9EzJNRWV-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁၈။

 

မြန်မာ့နွေဦးတော်လှန်ရေးကာလ နှစ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်ဖွဲ့ဝင် ၂၄ ဦးကျဆုံးကာ ၅၀ ဦး ဒဏ်ရာရခဲ့သည်ဟု အဖွဲ့က ထုတ်ပြန်သည်။

 

ABSDF အနေဖြင့် နွေဦးတော်လှန်ရေးတွင် မျိုးဆက်သစ်များကို လေ့ကျင့်ခြင်းနှင့်အတူ တိုက်ပွဲပေါင်း ၂၀၀ ကျော်ဆင်နွှဲပြီးဖြစ်သည်ဟု လည်းဆိုသည်။

 

ယမန်နေ့က ပြီးစီးခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၁၂ ကြိမ်မြောက် ညီလာခံအပြီးတွင် ထိုသို့ အသိပေးလာခြင်းဖြစ်သည်။

 

ယခုလ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် ညီလာခံတွင် လက်ရှိဥက္ကဌ ဖြစ်သည့် ရဲဘော်သံခဲက ဥက္ကဌအဖြစ် ဆက်လက် တင်မြောက်ခံရသည်။

 

ထို့အတူ ဒုတိယဥက္ကဌ အဖြစ်ရဲဘော်လှစိုင်း အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီ၊ တွဲဘက်အတွင်းရေးမှူး () ရဲဘော်ကျော်လင်း၊ တွဲဘက် အတွင်းရေးမှူး () ရဲဘော်လှဌေး အပါအဝင် ဗဟိုကော်မတီဝင် ၂၁ ဦးနှင့် အရံဗဟိုကော်မတီဝင် ဦးတို့ကို ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့သည်ဟု ABSDF က ဆိုသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး၏ ဝမ်ခစခန်း () ကော့မူးရာတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယခုဆိုလျှင် (၃၅) နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

 

ကျောင်းသားတပ်မတော်ဟု လူသိများသည့် ABSDF အနေဖြင့် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် - NCA တွင် လက်မှတ်ရေးထိုးခဲ့သည်။

 

၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့သည်။ မကြာသေးမီက စစ်ကောင်စီ ပြုလုပ်ခဲ့သည့် NCA () နှစ်ပြည့်သို့ တက်ခဲ့သည့် ဒုတိယဥက္ကဌ ရဲဘော်မျိုးဝင်း နှင့် အခြား ဦးကို တာဝန်မှာရပ်စဲထားသည်။

 

ဓာတ်ပုံ - ABSDF

 

 

 

The All Burma Students' Democratic Front (ABSDF)
Myanmar’s Spring Revolution

Share With
bap-logo