bap-logo
Data

မြန်မာအလုပ်သမားအေဂျင်စီ ၄၃ ခု လိုင်စင် ရာသက်ပန် ရုပ်သိမ်းခံရ

quOffaXhhQUdzS_1aSwqm-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၂၀။

 

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်နေတဲ့ မြန်မာအေဂျင်စီ ၄၃ ခုကို လိုင်စင် ရာသက်ပန် ရုပ်သိမ်း လိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်နေတဲ့ မြန်မာအေဂျင်စီ ခုကိုလည်း လိုင်စင် လကနေ နှစ် ယာယီရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ထိုင်းဘက်ခြမ်းကနေ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ထိုင်းကုမ္ပဏီ (၁၂၆) ခု၊ ထိုင်းနိုင်ငံသား (၁၂၅) ဦး၊ ထိုင်းအေဂျင်စီ (၂၀) ခုတို့ကိုလည်း အမည်ပျက်စာရင်းသွင်းထားတယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ဆိုပါတယ်။

 

အခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄၈၇ ခုနဲ့ (ထိုင်း) လိုင်စင်ရ အေဂျင်စီ ၁၄၇ ခု ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

Burma Associated Press

Thailand
Myanmar
migrant workers

Share With
bap-logo