bap-logo
Data

၂ လနီးပါးအတွင်း ထိုင်းနိုင်ငံမှာ မြန်မာ ရွေ့ပြောင်းအလုပ်သမား ၄၀၀ ကျော် ဖမ်းဆီးခံရ

tl0iuchJDSydzT8A2LHTn-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၁။

 

BAP သတင်းဌာနက စုစည်းထားတဲ့အချက်အလက်များအရ  ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကနေ ဖေဖော်ဝါရီလ ၁၉ ရက် ထိ နှစ်လနီးပါးအတွင်း ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား ၄၀၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။



ဖမ်းဆီးခံရသူတွေဟာ ကုန်းလမ်း/ရေလမ်းကနေ ထိုင်းနိုင်ငံထဲသို့ တရားမဝင် နယ်စပ်ဖြစ်ကျော်ပြီး ဝင်ရောက် လာကြသူတွေ ဖြစ်ပါတယ်။

 

 

အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် ၇၀ ကျော်ပါဝင်ပြီး ပွဲစား ၁၆ ဦးလည်း ပါဝင်ပါတယ်။

 


ဘန်ကောက်မြို့အပါအဝင် ခရိုင် ၁၁ ခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထိုင်း-မလေးရှားနယ်စပ် ဒေသဖြစ်တဲ့ ဆုံခလာ ခရိုင်မှာ ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပါတယ်။ အဲဒီခရိုင်တစ်ခုတည်းမှာပဲ ဖမ်းဆီးခံရတဲ့ မြန်မာရွေ့ပြောင်းလုပ်သား ၁၂၀ နီးပါရှိပါတယ်။

 


ဒုတိယအများဆုံး ဖမ်းဆီးခံရတဲ့ခရိုင်ကတော့ ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ ပရာချူဝပ်ခီရီခန် ခရိုင်မှာဖြစ်ပြီး အယောက် ၅၀ နီးပါးရှိပါတယ်။

 



ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သားတွေ ဆက်တိုက် ဖမ်းဆီးခံခဲ့ရပါတယ်။

 



ထိုင်းနိုင်ငံဖြတ်ပြီး မလေးရှားကိုသွားမယ့်သူ၊အထောက်အထားမရှိဘဲ စက်ရုံတွေမှာ အလုပ်လုပ် နေသူနဲ့ ထိုင်း လူမျိုးတွေပဲ ဝင်ရောက်လုပ်ကိုင်လို့ရတဲ့ လုပ်ငန်းအမျိုးအစားတွေမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်တဲ့သူတွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 

Burma Associated Press

Thailand
Myanmar
migrant worker
arrest

Share With
bap-logo