bap-logo
Data

မြန်မာရှိ လူဦးရေ ၁၇ သန်းကျော် လူသားချင်း စာနာမှုဆိုင်ရာ အကူညီလိုအပ်နေ

5CRnWfyCT4awYpDGYxQ_x-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၆

 

မြန်မာနိုင်ငံရှိ လူဦးရေ ၁၇ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ် လျက်ရှိနေသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်ကို ကိုးကားကာ အမေရိကန်သံရုံးက ယမန်နေ့က ထုတ်ပြန် သည်။

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသော လူဦးရေမှာ ၂၀၂၀ ခုနှစ်တွင် တစ်သန်းပင် မပြည့်ခဲ့ဟုလည်း အမေရိကန်သံရုံးက ထပ်မံ ပြောဆိုထားသည်။

 

ထို့အပြင် မြန်မာပြည်သူများအတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် လူသားချင်း စာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ အသစ်ထပ်မံထောက်ပံ့ကြောင်း ထုတ်ပြန်ခဲ့သည်။

 

ယခုထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများပေးအပ်ခြင်းအသက်ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်သည်ဟု ဆိုထားသည်

 

Burma Associated Press

Myanmar
Coup
American
Embassy

Share With
bap-logo