bap-logo
Politics

ဒိုက်ဦးတွင် လူငယ်များ အကြောင်းမဲ့ ဖမ်းဆီးခံနေရ

tIl_eGIh1Q-6lfVbjMEMG-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၂။

 

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် စစ်ကောင်စီက လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံများထံမှသိရသည်။

 

သူတို့ ကင်းလှည့်တာနဲ့တွေ့ရင် ကျားကျားမမ မထင်ရင် မထင်သလိုဖမ်းတယ်၊ ပြီးရင် ပိုက်ဆံ သိန်းက သိန်း ၃၀ အထိ တောင်းပြီးပြန်ရွေးခိုင်းတယ်ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ယင်းကဲ့သို့ ဖမ်းဆီးငွေညှစ်မှုများသည် လွန်ခဲ့သော ခန့်မှစ၍ စစ်ကောင်စီက စတင်ပြုလာခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

 

မကြာသေးမီကလည်း ဒိုက်ဦးမြို့ အမှတ်() ဖအောင်ဝဲရပ်ကွက်မှ လူငယ်အချို့ ဖမ်းဆီးငွေညှစ်ခံခဲ့ရကြောင်း သိရသည်။

 

စာကြည့်တိုက်က ရပ်ကွက်ရုံးမှာရှိတယ်၊ အဲဒီရပ်ကွက်ရုံးမှာက စစ်ကောင်စီကရှိတော့ ဘယ်သူမှ စာသွားမဖတ်ရဲတဲ့အခြေအနေဖြစ်နေတယ်ဟု ဒိုက်ဦး၊ အမှတ် () ရပ်ကွက်မှ လူငယ်တစ်ဦးက ပြောသည်။

 

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင်လည်း လူငယ်များကို ပစ်မှတ်ထားကာ ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်လျှက်ရှိသည်။

 

Burma Associated Press

Bago
Daik-U
military
youth
arrest

Share With
bap-logo