bap-logo
Politics

ရုရှားကုမ္ပဏီများ မြန်မာတွင် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံရန် မျက်စိကျနေ

ddF3tcVsFl0bwFZ3ftBCA-image

လွန်ခဲ့သော တစ်နှစ် က

 

ရုရှားကုမ္ပဏီများ မြန်မာနိုင်ငံ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတည်ဆောက်ရေးတွင် ပါဝင်ရန် ရုရှားနှင့် မြန်မာတို့ဆွေးနွေးခဲ့သည်ဟု ရုရှားစွမ်းအင်ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

 

စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပထမအကြိမ် အလုပ်အဖွဲ့အစည်းအဝေးကို မကြာသေးမီက ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းဝန်ကြီးဌာနက ပြောသော်လည်း အသေးစိတ်ထုတ်ပြန်ခြင်းမပြုပါ။

 

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၂၀၂၁ နောက်ပိုင်း ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်လာခဲ့သည်။

 

ရန်ကုန်မြို့သို့ ဂတ်စ်ပိုက်လိုင်းသွယ်တန်းတည်ဆောက်ရေးတွင် ရုရှားပါဝင်ရန် ပြီးခဲ့သည့် အောက်တိုဘာလတွင် ရုရှားနှင့် မြန်မာမှ ထိပ်တန်း စွမ်းအင်အရာရှိများ မော်စကိုမြို့တွင် ဆွေးနွေးခဲ့ကြသည်။ ရုရှားနိုင်ငံက မြန်မာနိုင်ငံတွင် နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်သွားရန်လည်း စီစဉ်နေသည်။

 

ကိုးကား - Reuters

ပုံစာ - စက်တင်ဘာလ ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံ Vladivostok မြို့တွင် ကျင်းပသော ၂၀၂၂ Eastern Economic Forum (EFF) ကျင်းပနေစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သီးခြားတွေ့ဆုံစဉ်။ (Sputnik/Valeriy Sharifulin/Pool via REUTERS/File photo)

 

Burma Associated Press

Myanmar
Russia
vietnam

Share With
bap-logo