bap-logo
Politics

ပျက်ကွက်ဝန်ထမ်းများ သက်ဆိုင်ရာဌာနများသို့ ပြန်လည်သတင်းပို့ပါက Black Lists မှ ဖြေလျှော့ ပေးမည်ဟု စစ်ကောင်စီပြောလာပြန်

MM1nNCn6IOMec95TnTHF2-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၃။

 

နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရဘဲ လုပ်ငန်းခွင် စွန့်ခွာသည့် အတွက် အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်နေသူများ သက်ဆိုင်ရာဌာနသို့ ပြန်လည် သတင်းပို့ပါက ဖြေလျှော့ပေးမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

 

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့် သက်ဆိုင်ရာ ဌာနများ၏ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျက်ရှိနေသူများကို ဖြေလျှော့ပေးမည် ဟုဆိုသည်။

 

အဆိုပါ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်နေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်း အမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျက် ရှိသည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

 

အဆိုပါ နစ်နာမှုများအား ကုစားပေးနိုင်ရန်အလိုငှာ ယင်းဝန်ထမ်းများကို လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists) မှ ပယ်ဖျက်ဖြေလျှော့ပေးမည်ဟု ထုတ်ပြန်သည်။

 

ထို့ကြောင့် ဇူလိုင် (၁၅) ရက်မှ စတင်၍ အဆိုပါဝန်ထမ်းများသည် မိမိတိုတာဝန်ထမ်းဆောင်ခဲ့သည့် သက်ဆိုင်ရာဌာနများသို့ ပြန်လည်သတင်းပို့ကြရန် စစ်ကောင်စီက အသိပေးလာသည်။

 

Burma Associated Press

Officer
CDM
Non-CDM
Black Lists

Share With
bap-logo