bap-logo
Data

ကရင်တွင် ယခု ၆ လအတွင်း သဘာဝဘေး ၂၁ ကြိမ် ရှိခဲ့

dFpyE18z0KL-51-Jn0x-h-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ အောက်တိုဘာ ၁၉။

 

ကရင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ပထမ(၆)လပတ်အတွင်း သဘာဝဘေး ၂၁ ကြိမ် ရှိခဲ့သည်ဟု အောက်တို ဘာ ၁၈ ရက်က စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

 

ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက် ဆုံးရှုံးနိုင် ခြေလျှော့ ချရေးနေ့တွင် ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။

 

၆ လအတွင်း မီးဘေး ၅ ကြိမ်၊ လေပြင်းဘေး ၆ ကြိမ်၊ မိုးကြိုးဘေး ၃ ကြိမ်၊ မြေပြိုဘေး ၁ ကြိမ်နှင့် ကမ်းပြိုဘေး ၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

အဆိုပါသဘာဝဘေးများကြောင့် အိမ်ထောင်စု ၉၈ စုက လူဦးရေ ၄၃၂ ဦး ဘေးသင့်ခဲ့ပြီး ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

ယခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ လျှံတက်မှုကြောင့် သံတောင်ကြီး မြို့နယ်မှလွဲ၍ ကျန်မြို့နယ်များတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည်ဟုလည်းဆိုသည်။

 

အဆိုပါ ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၂,၉၉၀ စုမှ လူဦးရေ ၁၃,၅၀၇ ဦးကို ကယ်ဆယ်ရေး စခန်း ၄၇ ခု ဖွင့်လှစ်ကာ ယာယီရွှေ့ပြောင်း နေရာချ ထားပေးခဲ့ရသည်ဟု သိရသည်။

 

ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

Burma Associated Press

Karen
disaster

Share With
bap-logo