bap-logo
Data

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဘေးရှောင် သုံးသောင်းကျော်ပြီ

U84yVz4n4oGOCt4wlbW6L-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ။

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ သုံးသောင်းကျော် ရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ နိုဝင်ဘာလ ရက် ညပိုင်းတွင် ထုတ်ပြန်လာသည်။

 

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်() ဖွဲ့ ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA) တအာင်း (PSLF/TNLA) နှင့်ရက္ခိုင် (ULA/AA) တို့ ပူးတွဲ၍၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး PDF ပူးပေါင်း တပ်များကပါ စစ်ဆင်ရေးတွင် နေရာအနှံ့က ပါဝင်တိုက်ပွဲဝင်လျက်ရှိသည်ဟု NUG ကဆိုသည်။

 

တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သော မြို့နယ်များဖြစ်သည့် လားရှိုးမြို့နယ်တွင် စစ်ရှောင်ပြည်သူ(,၇၁၆)ဦး၊ သိန္နီ မြို့နယ်တွင်( ,၀၂၃) ဦး၊ ကျောက်မဲ မြို့နယ် တွင်(၄၄၀) ဦး၊ ကွတ်ခိုင်တွင်(.၁၀၀) ဦး၊ လောက်ကိုင်တွင်(,၀၀၀) ဦး၊ မူဆယ်တွင် (၆၀)ဦး၊ ဝပြည်တွင်(,၀၀၀) ဦးနှင့် အနီးဝန်းကျင် ကျေးရွာများအတွင်း စစ်ဘေးရှောင်ပြည်သူ (,၁၀၆)ရှိပြီး ယနေ့အထိ စစ်ရှောင်ပြည်သူဦးရေ (၃၂,၄၄၅) ခန့် ရှိနေပြီး တိုက်ပွဲများလည်း ဆက်လက်ပြင်းထန် လျက် ရှိသည်ဟုလည်း ဖော်ပြထားသည်။

 

စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် စစ်ရေး ပစ်မှတ်မဟုတ်သည့် နေရာများကို ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး နိုဝင်ဘာလ()ရက်နေ့အထိ စာရင်းများအရ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် သေဆုံးသူ (၁၈) ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ (၄၄) ဦးရှိခဲ့သည်ဟုဆိုသည်။

 

ထို့အပြင် လူနေအိမ်အဆောက်အအုံ (၈၀) လုံးနှင့် ဘာသာရေးအဆောက်အအုံ (၁၂)လုံး ပျက်စီးခဲ့သည်ဟုလည်း NUG ထံမှ သိရသည်။

 

ဓာတ်ပုံ - Tai Student’s Union

 

Burma Associated Press

Shan
Operation 1027
Civilian
refugee

Share With
bap-logo