bap-logo
Politics

ဗိုလ်ချုပ်ကြီးကို ပိတ်ပင်ထားသဖြင့် မြန်မာစစ်အုပ်ရေးပိုင်းမှ အာဆီယံအစည်းအဝေးသို့ ဗျူရိုကရက် အရာရှိ စေလွှတ်

r4dYSIX7-NtmiZXPg_Hf0-image

လွန်ခဲ့သော တစ်နှစ် က

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နှစ်လအကြာတွင် သဘောတူခဲ့ကြသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည့်အတွက် မြန်မာနိုင်ငံမှ စစ်အုပ်ရေးပိုင်း ဗိုလ်ချုပ်ကြီးများကို အာဆီယံ အဓိက အစည်းအဝေးများသို့ ပိတ်ပင်ခံထားရဆဲဖြစ်သည်။

           

မြန်မာမှနိုင်ငံရေးနှင့် မသက်ဆိုင်သည့်” ကိုယ်စားလှယ်တစ်ဦးအစားထိုး စေလွှတ်ရန် ဖိတ်ခေါ်နိုင်သည့် မူဝါဒတစ်ခု အာဆီယံတွင်ရှိသော်လည်း စစ်အာဏာရှင်ဘက်မှ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ငြင်းပယ်ခဲ့ပြီး ၎င်း၏ ပြည်တွင်းရေးကို အာဆီယံက ကြားဝင်နှောင့်ယှက်သည်ဟု ပြောဆိုကာ ဒေါသထွက်ခဲ့သည်။

           

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က Reuters သို့ စာသားမက်ဆေ့ပေးပို့ပြောရာတွင် တနင်္လာနေ့ ဆွေးနွေးပွဲအတွက် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီ အမြဲတမ်းအတွင်းဝန် မာလာသန်းထိုက် လာအိုနိုင်ငံတွင် ရောက်ရှိနေသည်ဟု Reuters သတင်းက ဖော်ပြသည်။

           

၎င်းအချက်ကို အခြားသော သံတမန်ရင်းမြစ်နှစ်ဦးကလည်း အတည်ပြုသည်။

           

အာဆီယံမူဝါဒမှာ ပြောင်းလဲတာ မရှိဘူးလို့ ဆိုလိုတာပါ။ မြန်မာနိုင်ငံက အာဆီယံရဲ့ ဆုံးဖြတ်ချက်ချခြင်းကို ထိခိုက်စေမည်မဟုတ်ပေ။ဟု Retno က ပြောသည်။

           

Retno သည် ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်ဖြစ်ပွားနေသူများကို စကားဝိုင်း စတင်ရန် ဦးဆောင် အားထုတ်နိုင်မှု နည်းပါးခဲ့သည်။

           

စစ်အုပ်ချုပ်ရေးဘက်မှ ၎င်းတို့အခေါ် “အကြမ်းဖက်များ”နှင့် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးရန် ငြင်းပယ်ခဲ့သည်။

           

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အကျပ်အတည်းတွင်း ပိတ်မိနေခဲ့ပြီး တိုက်ပွဲများကြောင့် အနည်းဆုံး လူပေါင်း နှစ်သန်း နေရပ်စွန့်ခွာခဲ့ရသည်။ လူ့အခွင့်အရေးအဖွဲ့များက စစ်အာဏာရှင်တို့ကို အရပ်သားများအပေါ် လွန်ကဲ့သည့် အင်အားနှင့် ကျယ်ပြန့်သည့် ရက်စက်ယုတ်မာမှုများ ကျူးလွန်သည်ဟု စွပ်စွဲခဲ့ကာ စစ်အာဏာရှင်တို့က ငြင်းဆိုခဲ့သည်။

           

အာဆီယံအဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက်တွင် အာဆီယံ အထွေထွေအတွင်းရေးမှူး Dr. Kao Kim Hourn နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ် Alounkeo Kittikhoun တို့ လာအိုနိုင်ငံ Luang Prabang တွင် ကျင်းပနေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲ ပြင်ပအစီအစဉ်အဖြစ် သီးသန့် တွေ့ဆုံခဲ့သည်ဟု ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားသော လာအိုကို သဘောတူညီချက် ငါးရပ် ထိရောက်စွာ အကောင်အထည်ဖော်ရန် အားထုတ်သွားနိုင်ရန် Dr. Kao က အာဆီယံ အတွင်းရေးမှူးအနေဖြင့် အပြည့်အဝထောက်ခံကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်ဟုလည်း ဖော်ပြထားသည်။

 

ကိုးကား - Reuters, ASEAN

 ပုံစာ - အောက်တိုဘာလ ၂၈ ရက် ၂၀၂၁ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အစည်းအဝေးတစ်ခုတွင် အလုပ်သမားတစ်ဦးက အာဆီယံအလံကို ပြုပြင်နေစဉ်။ (Photo: REUTERS/Lim Huey Teng/File Photo)

 

 

Myanmar
chairing ASEAN
Laos

Share With
bap-logo