bap-logo
Data

ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီစခန်းကို BPLA ပူးပေါင်းတပ်က မိနစ် ၂၀ အတွင်း တိုက်ခိုက်သိမ်းပိုက်

oDNiikGnN9VBX4SrNxUx2-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁၇။

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ (၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်- BPLA ပူးပေါင်းတပ်က မိနစ် ၂၀ အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

 

ယနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA တို့က အဆိုပါစခန်းကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

 

မိနစ် ၂၀ ကြာ အပြန်အလှန်ပစ်ခတ်ပြီးချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး စခန်းတစ်ခုလုံးကို မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသော်လည်း ပူးပေါင်းအဖွဲ့ ဘက်က လက်နက်ခဲယမ်းများစွာရရှိခဲ့သည်။

 

တိုက်ပွဲအတွင်း ၆၀မမ ၁လက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jammer ၁ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊ RPGသီး ၂၂လုံး၊ RPG ပို့ယမ်း ၁၆ခု၊ တင့်ဖျက် ၃ခု၊ ၄၀မမသီး ၁၂လုံး၊ မြေမြှုပ်မိုင်း ၉လုံး နှင့် .၅၆ကျည် ၁၁၂၈တောင့်ကို ရရှိခဲ့ကြောင်း အသိပေးထားသည်။

 

ဓာတ်ပုံ- BPLA

 

Burma Associated Press

Karen
KNLA
BPLA

Share With
bap-logo