bap-logo
Politics

ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်များပျက်စီး

oc6ACcwUMadAhzcBjWHWd-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၆။

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းသို့ ယမန်နေ့ ဇူလိုင် ရက်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် လူနေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့သည်။

 

စစ်ကောင်စီလက်နက်ကြီးကြောင့် သုံးဆယ်သုံးဆူကျေးရွာမှ နေအိမ်နှစ်လုံးအလုံးစုံပျက်စီးခဲ့ကာ ၁၀ လုံးထက် မနည်း လက်နက်ကြီးစထိမှန်ပျက်စီးခဲ့ခြင်းဖြစ်သည်။

 

ယမန်နေ့ ဇူလိုင်လ ရက် တွင် စစ်ကောင်စီသည် မနက် ၁၀ နာရီဝန်းကျင်မှစတင်ကာ ကျေးရွာများအတွင်း ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် အကြောင်းမဲ့ ပစ်ခတ်နေခြင်းဖြစ်သည်။

 

မြန်မာ-ထိုင်းအာရှလမ်းမတလျှောက်နေရာယူထားသည့် စစ်ကောင်စီသည် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့တောင်ပိုင်းရွာများသို့ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြီးခဲ့သည့် ဧပြီလလယ်မှစတင်ကာ နေ့စဉ်ပစ်ခတ်လျှက်ရှိသည်။

 

ထိုသို့ ပစ်ခတ်သည့်အတွက် ရွာသားအချို့ လက်နက်ကြီးစထိမှန် သေဆုံးမှုများ၊ ဒဏ်ရာရမှုများရှိခဲ့သည်။

 

ဓာတ်ပုံ- စောလူမုန်း

 

Burma Associated Press

Kawkareik
Artillery
military
civilian

Share With
bap-logo