bap-logo
Politics

ပြင်သစ်၊ ဗြိတိန်နှင့် အခြားနိုင်ငံများကို မြန်မာ လူမျိုးတုန်းသတ်ဖြတ်မှု ကြားဝင်ဆောင်ရွက်ရန် ICJ ခွင့်ပြု

GlVqB4F4N2UWQRvXVtsv0-image

လွန်ခဲ့သော တစ်နှစ် က

 

ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှု စွဲဆိုချက်တွင် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မော်လ်ဒိုက်နိုင်ငံတို့ကို ကြားဝင်ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice (ICJ)က ခွင့်ပြုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည်။

 

၎င်းနိုင်ငံများက ကမ္ဘာ့တရားရုံးဟုလည်း လူသိများသည့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကြားဝင်ဆောင်ရွက်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တောင်းဆိုထားခြင်းဖြစ်သည်။

 

သက်ဆိုင်ရာ နိုင်ငံခုနစ်ခုသည် ၎င်းတို့၏ ကြားဝင်ဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာကိစ္စရပ်နှင့် ပတ်သက်၍ ၎င်းတို့၏ လေ့လာတွေ့ရှိချက်များကို ရေးသားတင်ပြခွင့် ပြုမည်ဖြစ်သည်။ဟု ICJ က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထွက်ဆိုချက်များကို ၎င်းနိုင်ငံများက လာရောက်လေ့လာရန် ခွင့်ပြုသင့်၊ ခွင့်မပြုသင့်ကို နောက်ရက်တွင် တရားရုံးမှ ဆုံးဖြတ်သွားမည်။

 

မူဆလင်အများစုနေထိုင်သော အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက ICJ မြန်မာနိုင်ငံမှ လူနည်းစုရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို စွပ်စွဲ၍ ၂၀၁၇ ခုနှစ်တွင် အမှုဖွင့်ခဲ့သည်။

 

ရိုဟင်ဂျာလူမျိုး ၇၃၀,၀၀၀ ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ မြန်မာနိုင်ငံ၏ စစ်ဆင်ရေးများသည်"လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်များအဖြစ် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ကောက်ချက်ချခဲ့သည်။

 

မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုကို ငြင်းပယ်ခဲ့ပြီး ကုလရှာဖွေတွေ့ရှိချက်များကို "ဘက်လိုက်ပြီး အားနည်းချို့ယွင်းနေသည်။ဟု ဆိုကာ ပယ်ချခဲ့သည်။ ရိုဟင်ဂျာသူပုန်များကို ဖြိုခွင်းရေး တိုက်ခိုက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြန်မာက ပြောခဲ့သည်။

 

မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စစ်ဆေးခြင်းအား ကန့်ကွက်မှုကို ဂျူလိုင်လ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့တရားရုံးက ပယ်ချခဲ့ပြီး အမှုကို အပြည့်အဝ ကြားနာရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ရက်စွဲကိုမူ သတ်မှတ်ထားခြင်း မရှိပေ။

 

ကိုးကား - Reuters

 

ပုံစာ - ဇန်နဝါရီလ ၂၃ ရက် ၂၀၂၀ ခုနှစ် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှ အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice (ICJ) (REUTERS/Eva Plevier/ File Photo)

 

Burma Associated Press

Myanmar
Genocide
Gambia
International Court of Justice (ICJ)
Rohingya

Share With
bap-logo