bap-logo
Data

၂၀၂၂ ခုနှစ်တစ်နှစ်တာအတွင်း ကေအဲန်ယူနယ်မြေမှာ တိုက်ပွဲပေါင်း ၄ ထောင်ကျော်ဖြစ်ခဲ့

oHV-Oc7dx-jj7SaI0bswL-image

လွန်ခဲ့သော ၃ နှစ် က


ကော်သူးလေ၊ ဇန်နဝါရီ ၉။


ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်တွေကို BAP က စောင့်ကြည့် စုစည်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၂ ဇန်နဝါရီလကနေ ဒီဇင်ဘာလကုန်ထိ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၄,၄၁၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

 

ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ်နဲ့ယှဥ်ရင် တိုက်ပွဲဖြစ်ပွားမှုဟာ ၁,၂၅၆ ကြိမ် ပိုများခဲ့တာ ဖြစ်ပါတယ်။

 



ပွင့်လင်းရာသီဖြစ်တဲ့ မတ်လနဲ့ ဧပြီလတွေမှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံးကာလဖြစ်ပါတယ်။ အဲဒီ လတွေမှာ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၅၀၀ နဲ့အထက်မှာရှိခဲ့ပါတယ်။ မိုးရာသီကာလတွေဖြစ်တဲ့ ဇူလိုင်လ နဲ့ ဩဂုတ်လမှာတော့ တိုက်ပွဲဖြစ်ပွားမှု နည်းတဲ့ကာလတွေဖြစ်ခဲ့ပါတယ်။



စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်ဘက်က ၄,၂၀၆ ဦးသေဆုံးခဲ့ပြီး ဒီအရေအတွက်ဟာ ပျမ်းမျှ အားဖြင့် လစဥ် ၃၅၀ သေဆုံးခဲ့တာဖြစ်ပါတယ်။

 

 

 

ဒါ့ပြင် ၂၀၂၁ ခုနှစ်မှာသေဆုံးခဲ့တဲ့အရေအတွက်ထက် ၂,၀၀၀ ကျော် ပိုများတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒဏ်ရာရရှိသူဦးရေ ၃,၀၆၀ ဦးရှိပြီး ၂၀၂၁ ခုနှစ်မှာ ဒဏ်ရာရခဲ့တဲ့ အရေအတွက်ထက် ၁,၀၀၀ ကျော်ပိုများပါတယ်။

 

 

Burma Associated Press

 

KNU/KNLA
SAC
Battle
died
BGF

Share With
bap-logo