bap-logo
Data

အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ နှစ်ကုန်အထိ စစ်ကောင်စီက အမျိုးသမီး ၄၁၄ ယောက်ကို သတ်ဖြတ်ခဲ့

pTByo8yOWuFjijYqM2tR0-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ ဇန်နဝါရီ ၇

 

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကြောင့် အနည်းဆုံး အမျိုးသမီး ၄၁၄ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဇန်နဝါရီလ ၇ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

 

 

သေဆုံးရတဲ့ အမျိုးသမီးတွေထဲမှာ အသက် ၂ နှစ် အောက်ကလေးငယ် ၂ ယောက်ပါဝင်ပြီး ကလေးငယ် စုစုပေါင်း ၆၇ ယောက် ပါဝင်တယ်လို့လည်း ဆိုပါတယ်။

 

 

စစ်တပ်ရဲ့ သတ်ဖြတ်မှုခဲ့ရတဲ့သူတွေထဲမှာ အမျိုးသမီးတွေ သတ်ဖြတ်ခံရမှုဟာ ၁၃.၁ ရာခိုင်နှုန်း အထိ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

 

အမျိုးသမီးတွေ သတ်ဖြတ်ခံရမှုဟာ စစ်ကိုင်းတိုင်းမှာ ၁၇၁ ယောက်နဲ့အများဆုံးဖြစ်ပါတယ်။

 

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ စာရင်းအရ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ဖြစ်ပွားခဲ့တာပါ။

 

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာ လူငယ် ၁၀၅၉ ဦး၊ အမျိုးသမီး ၄၁၄ ဦးနဲ့ ကလေးငယ် ၂၆၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

 

ပုံ- အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန စာမျက်နှာ

Burma Associated Press

 

Coup
Children
Myanmar
died
killed
Women
NUG
SAC

Share With
bap-logo