bap-logo
Data

အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ နှစ်ကုန်အထိ စစ်ကောင်စီက လူငယ် ၁၀၅၉ ယောက်ကိုသတ်ဖြတ်ခဲ့

qSe5Ccfk9bGL5amjLxCMA-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ ဇန်နဝါရီ ၇

 

 

စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ စစ်ကောင်စီရဲ့ သတ်ဖြတ်မှု တွေကြောင့် လူငယ် ၁၀၅၉ ယောက် အနည်ဆုံးသေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဇန်နဝါရီလ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

 

 

စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ လူငယ်တွေထဲမှာ အမျိုးသမီး ၁၀၆ ယောက်၊ အမျိုးသား ၁၀၂၆ ယောက်နဲ့ ကျားမ မဖော်ပြနိုင်သူ ၁ ယောက်တို့ပါဝင်တယ်လို့ ဆိုပါတယ်။

 

 

စစ်တပ်ရဲ့သတ်ဖြတ်မှုခဲ့ရတဲ့သူတွေထဲမှာ လူငယ်တွေ သတ်ဖြတ်ခံရမှုဟာ ၃၃.၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ လည်း သိရပါတယ်။

 

 

လူငယ်တွေ သတ်ဖြတ်ခံရမှုဟာ စစ်ကိုင်းတိုင်းမှာ ၃၇၉ ယောက် မန္တလေးတိုင်းမှာ ၁၆၉ ယောက်၊ ရန်ကုန်တိုင်းမှာ ၁၆၀ ယောက်နဲ့ ကျန်ရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးမှာလည်း သတ်ဖြတ် ခံထားရမှုတွေ ရှိပါတယ်။

 

 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူငယ် ၁၀၅၉ ယောက်၊ အမျိုးသမီး ၄၁၄ ယောက်နဲ့ ကလေးငယ် ၂၆၅ ယောက်ကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၂၇၀၇ ယောက် ရှိခဲ့ပြီလို့  NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ပုံ- အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန စာမျက်နှာ

Burma Associated Press

 

 

Myanmar
Coup
SAC
Youth
killed
died
NUG

Share With
bap-logo