bap-logo
Data

ကန့်ဘလူတွင် နှစ်နှစ်ကျော်အတွင်း မြွေဆိုး ကိုက်ခံရသူ ၁၀၀ ကျော်ရှိပြီး ၁၁ ဦး သေဆုံးခဲ့

nQGAeahBBwRnxtdut5jx4-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၂၄။

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ် သြဂုတ်လကုန်အထိ မြွေဆိုးကိုက်ခံရသူ ၁၀၈ ဦး ရှိခဲ့သည့်အနက် ၁၁ ဦး သေဆုံးခဲ့သည်ဟု ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

 

မြွေဆိုးကိုက်ခံရသူ အမျိုးသား ၇၇ ဦးနှင့် အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၁၀၈ ဦး ရှိပြီး ၎င်းတို့အနက် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

 

မြွေဆိုးကိုက်ခံရသူများမှာ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တွင်းက ဖြစ်ကြပြီး သေဆုံးသူများမှာ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများက စစ်ဘေးရှောင်များဖြစ်ကြသည်ဟု သိရသည်။

 

ကန့်ဘလူမြို့နယ်တွင် အမြဲတမ်းစစ်ဘေးရှောင်ရွာပေါင်း ၃၀ အထက်ရှိပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်နှင့်အထက် ရှိနိုင်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ခန့်မှန်းထားသည်။

 

စစ်ဘေးရှောင်ရသည့် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အခြေခံစားသောက်ကုန်များ လိုအပ်လျှက်ရှိပြီး ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိနေသည်ဟု အသိပေးထားသည်။

 

Burma Associated Press

Sagaing
kanblu
refugee
snake bite

Share With
bap-logo