bap-logo
Data

ရှစ်လအတွင်း ကဏ္ဍစုံမှ CDM ဝန်ထမ်းပေါင်း ၁,၆၀၀ ကျော်ကို ထောက်ပံ့နိုင်ခဲ့ဟု CRPH အသိပေး

sngajvACkc7Eee2KZZOU0-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၁၃။

 

ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကဏ္ဍစုံမှ CDM ဝန်ထမ်းပေါင်း ,၆၂၄ ဦးကို ကူညီထောက်ပံ့ ပေးနိုင်ခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီက ယမန်နေ့ က အသိပေးသည်။

 

ကျန်းမာရေး၊ မီးဖွား၊ စားဝတ်နေရေး၊ နေအိမ်ရွှေ့ပြောင်း၊ နေအိမ်မီးရှို့ခံ၊ ဖမ်းဆီးခံနှင့် ကွယ်လွန် စသည့် ကဏ္ဍအလိုက် CDM ဝန်ထမ်းများကို ကူညီခဲ့သည်ဟု သိရသည်။

 

မီးဖွားစရိတ်နှင့် အရေးပေါ်ဆေးကုသစရိတ်များကို ပထမဦးစားပေးအဖြစ် ထောက်ပံ့ပေးသော်လည်း ဘဏ္ဍာငွေ အခက်အခဲရှိခဲ့ပါက သက်ဆိုင်ရာဝန်ကြီးဌာနသို့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးလျက် ရှိသည်ဟုလည်း ဆိုသည်။

 

ကော်မတီသည် နိုင်ငံတကာမှ လှူဒါန်းငွေများ၊ Ahlushin Application နှင့် Spring Legends YouTube Channel တို့၏ ကြော်ငြာများမှ ရရှိသည့် ဝင်ငွေဖြင့် CDMer များ၏ အရေးပေါ်ကိစ္စရပ်များကို ကူညီပေး နေခြင်းဖြစ်သည်ဟု အသိပေးထားသည်။

 

ပြည်သူများအနေဖြင့် Ahlushin App အား Installed ပြုလုပ်ကာ ကလစ်ခြင်းနှင့် Spring Legends YouTube Channel မှ ဗီဒီယိုများအား ကြည့်ရှုပေးခြင်းဖြင့် CDMer များအတွက် ပါဝင်ကူညီနိုင်သည်ဟု လည်း တိုက်တွန်းထားသည်။

 

Burma Associated Press

CRPH
CDM
Spring Revolution

Share With
bap-logo