bap-logo
Data

ကျောက်မဲတိုက်ပွဲက ရလာတဲ့ လက်နက်တွေကို TNLA ဖော်ပြ

C9rC6PDzUmo02rKL_SqVL-image

လွန်ခဲ့သော ၂ နှစ် က

 စက်တင်ဘာ ၉။

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲတိုက်ပွဲက သိမ်းဆည်းရမိတဲ့ လက်နက်တွေကို တအာင်းတပ်မတော်- TNLAက မနေ့က ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။

 

စစ်ကောင်စီရဲ့ တပ်မ(၈၈)၊ လပခ - ခလရ(၇၁) နဲ့ TNLA တို့ဟာ စက်တင်ဘာလ ရက်၊ မနက် ၇ နာရီခွဲအချိန် ကျောက်မဲမြို့နယ်၊ လဲကြီးနဲ့ တောင်နီအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

 

TNLAက ဖော်ပြထားတဲ့ လက်နက်တွေမှာတော့ MA1 သုံးလက်၊ MA2 တစ်လက်နဲ့ လက်နက်ခဲယမ်းတွေ ပါဝင်ပါတယ်။

 

ဒါ့အပြင် စစ်ကားတစ်စီးလည်း ချောက်အတွင်းထိုးကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ TNLAက ဆိုပါတယ်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 Burma Associated Press

 

Military

Share With
bap-logo