bap-logo
Local News

NUG က E police station ကို စတင်ဖွဲ့စည်း

kzSW8gNyLZOezLYYY0yRb-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၂၁

 

အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်တွင် E police station ကို စတင်ဖွဲ့စည်းခဲ့ ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် (/၂၀၂၂) ဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေအား ယမန်နှစ် မေလ ရက်တွင် အတည်ပြုပြဌာန်းခဲ့ပြီး၊ ဇွန်လ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေငြာစာ အမှတ် (၁၂/၂၀၂၂) ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်တွင် ပြည်သူ့ရဲ တပ်ဖွဲ့ကို စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။

 

ယင်းပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနက အသိပေးထားသည်။

 

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင်သာမကပဲ နိုင်ငံတဝှမ်းလုံးရှိ စစ်ကောင်စီနှင့်လက်အောက်ခံများမှ ကျူးလွန်သောရာဇဝတ်မှုများနှင့် ပြည်သူအချင်းချင်း ကျူးလွန်သော ရာဇဝတ်မှုများအား မှတ်တမ်းတင်ထိန်းသိမ်းရန်နှင့် ပြစ်မှုကျူးလွန်သူတရားခံများအား တရားဥပဒေ၏ ရှေ့မှောက်သို့ပို့ဆောင်ရန် ရည်ရွယ်ချက်များဖြင့် E police station အား ဖွဲ့စည်းလိုက်ကြောင်း NUG\ ပြည်ထဲ ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် လက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Burma Associated Press

 

 

NUG
E Police Station
Coup

Share With
bap-logo