bap-logo
Local News

MPT ဖုန်းနှင့် အင်တာနက်လိုင်းများ ၂၄နာရီ နီးပါးကြာ ပြတ်တောက်ပြီးနောက် ပြန်လည်ရရှိ

rYpcqcq5iv4Qne3TIiSw--image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံးမီးလောင်ကျွမ်းပြီးနောက် တစ်နိုင်ငံလုံးနီးပါး ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ စတင်၍ လိုင်းများ ပြန်လည်ရရှိပြီဟု သိရသည်။

 

" မနက် ၁၁: ၁၅ လောက်မှာ ပုံမှန်အတိုင်း ပြန်သုံးလို့ရတယ်" ဟု ဧရာဝတီတိုင်း ဒေသခံတစ်ဦးက ဆိုသည်။

 

ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ရှိ MPT Exchange ရုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ၁၀နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့သော်လည်း ယနေ့နံနက်ပိုင်းထိ ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်မှု ကြုံတွေ့ နေခဲ့ရခြင်း ဖြစ်သည်။

 

" MPT စာတို (SMS) ဒေတာ၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများကို နဂိုအတိုင်း သုံးစွဲနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ကျန်ရှိနေသေးသော ဝန်ဆောင်မှုများကို သုံးစွဲသူများထံ အမြန်ဆုံး ပြန်လည်ပေးအပ်နိုင်ရန်အတွက် တာဝန်ရှိသူများမှ ကြိုးစားဆောင်ရွက်လျက် ရှိပါသည်" ဟု MPT ရုံးက ယမန်နေ့ ညည့်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

 

သို့သော် ညတွင်းချင်း လိုင်းများပြန်လည်ရရှိခဲ့ခြင်း မရှိသည့်အပြင် အဆိုပါရုံး မီးလောင်ကျွမ်းမှုနှင့် ပျက်စီး ဆုံးရှုံးမှု နောက်ဆက်တွဲအခြေအနေအား MPT ရုံးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။

ပုံစာ။ MPT ရုံး အား မီးငြှိမ်းသတ်နေစဉ်

ဓာတ်ပုံ။ လူမှုကွန်ယက်

Burma Associated Press

MPT
fire broke out
Internet

Share With
bap-logo