bap-logo
Politics

KNU တပ်မဟာ ( ၆) လွတ်ရှမ်းရွာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ပြေး

kHMmHL7-0oq7OFQasrQlh-image

လွန်ခဲ့သော ၁၀ လ က

စက်တင်ဘာ ၁၃။

 

ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တပ်မဟာ () ဝင်းရေးမြို့နယ် ၊လွတ်ရှမ်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်မှ စစ်သားများသည် ယမန်နေ့ စက်တင်ဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးခဲ့သည်။

 

အဆိုပါ လွတ်ရှမ်းကျေးရွာရှိစစ်ကောင်စီစခန်းသည် အာဏာသိမ်းပြီးကာလမှသာ KNLA တပ်ရင်း (၁၆) နယ်မြေတွင် ဝင်ရောက်အခြေပြုတပ်စွဲထားသည့် စခန်းဖြစ်သည်။

 

စစ်ကောင်စီတပ်သား အင်အား (၃၀) ခန့်အထိုင်ချထားသော စခန်းဖြစ်ကြောင်း သိရသည်။

 

အနန်းကွင်းစစ်ဗျူဟာကို KNLA တပ်ရင်းများနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်သည့်အချိန်တွင် လွတ်ရှမ်းစခန်းသို့ စစ်ကူအင်အား(၆၀) ဝန်းကျင်ခန့် ထပ်မံစဝင်ရောက်အင်အားဖြည့်ခဲ့သည်။

 

အဆိုပါ စခန်းရှိ တပ်ဖွဲ့ဝင်များသည်ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဒေသခံများကဆိုသည်။

 

လွတ်ရှမ်းစစ်ကောင်စီတပ်စခန်းအား KNLA တပ်ရင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အချိန်အတော်ကြာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ဒရုန်းအဖွဲ့များဖြင့် နေ့စဉ်ဗုံးကျဲခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

 

ယင်းစခန်းရှိ စစ်ကောင်စီတပ်သားများ ထိခိုက် ကျဆုံးမှုများပြီးနောက် စခန်းစွန့်ခွာထွက်ပြေးခဲ့သည်ဟုလည်း စစ်ရေးရင်းမြစ်များကပြောသည်။

 

စစ်ကောင်စီတပ်သည် အဆိုပါစစ်စခန်းမကျရှိရေးအတွက် လေယာဉ်ပစ်ကူများ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံခဲ့ရာ ကျေးရွာများအတွင်းကျရောက်၍ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဘုန်းကြီး ကျောင်းများလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

 

လွတ်ရှမ်းစစ်ကောင်စီစခန်းသည် ဘုရားသုံးဆူနှင့် သံဖြူဇရပ်လမ်းမကြီးပေါ်၌ တည်ရှိပြီး စစ်ကောင်စီအတွက် အရေးပါသော စစ်စခန်းများအနက် တစ်ခုအပါဝင်ဖြစ်သည်။

 

စစ်ကောင်စီသည် ဗုံးကျဲမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသည့်အတွက်ကြောင့် စစ်ဘေးရှောင်များ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် စိုးရိမ်မှုများဖြစ်နေသေးကြောင်းမြေပြင်သတင်းရင်းမြစ်များကဆိုသည်။

 

Burma Associated Press

KNU
military
troops

Share With
bap-logo