bap-logo
Politics

TNLA ထိန်းချုပ်တားတဲ့ မန်တုံကို စစ်ကောင်စီဗုံးကြဲ

812C3oww0mUv8FpZYDDJa-image

လွန်ခဲ့သော ၁၀ လ က

စက်တင်ဘာ ၄။

 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ မန်တုံမြို့ကို စစ်ကောင်စီက မနေ့က စက်တင်ဘာ ရက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။

 

အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသား တဦးဒဏ်ရာရရှိခဲ့ကာ လက်ဖက်စက်ရုံအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

 

မနေ့က စက်တင်ဘာ ရက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ဂျက်ဖိုက်တာနဲ့ ဗုံး နှစ်ကြိမ် ကြဲချခဲ့တယ်လို့ တအာဝ်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။

 

ဗုံးကြဲခံခဲ့ရတာကြောင့် မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက်နဲ့ မြို့မတံတားအနီးက အချိုခြောက် လက်ဖက်စက်ရုံနဲ့ (၁၃၀) တပ်စခန်းကုန်းအတက်အနီးဗုံးကျခဲ့ပြီး စက်ရုံအလုပ်သမားအမျိုးသား တဦး ထိမှန်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

 

ညီနောင်မဟာမိတ် ဖွဲ့ရဲ့ ဒုတိယအကြိမ် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အချိန်ကစပြီး မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံမြို့နယ်တွေမှာ လက်ရှိအချိန်ထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

 

တရုတ်ဘက်ကလည်း ရှမ်းမြောက်မှာ မြို့သိမ်းစစ်ဆင်ရေးတွေဆင်နွဲနေတဲ့ TNLA ကို အပစ်ရပ်ဖို့ ခြိမ်းခြောက် ပြောဆိုထားတာရှိပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

Mantong
Ta'ang National Liberation Army
Jet
military

Share With
bap-logo