bap-logo
Politics

နေပြည်​တော်မှ သူခိုး​များကို စစ်တပ်ထဲထည့်လိုက်ပြီး​နောက် ရွာတွင် ပစ္စည်းမ​ပျောက်​တော့

OH2nAUA_9O_iQwUFecHPb-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၁၂။

 

နေပြည်တော်၊ ပျဥ်းမနား၊တောင်ညိုဒေသမှာသောင်းကျန်းနေတဲ့ သူခိုးတွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲထည့်လိုက်ပြီးနောက် ရွာတွေမှာ ပစ္စည်းမပျောက်တော့ဘူးလို့ဒေသခံတွေကပြောပါတယ်။

 

"အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေ တိုင်ပင်ပြီးခြေစလက်စရှိတဲ့လူတွေကို ထည့်လိုက်တာ။ ဆင်းရဲလို့ လစာရအောင်ထည့်တဲ့ မိဘလည်း နည်းနည်းရှိတယ်၊ အများစုက သူခိုးတွေပါ" လို့ တောင်ညိုဒေသခံတစ်ဦးကပြောပါတယ်။

 

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ်မှာ အသက်သွင်းလိုက်ပြီးနောက် အမှတ်စဉ်တစ်ခုမှာ လူအယောက် ,၀၀၀ ခေါ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။

 

ဒါ့အပြင် စစ်သင်တန်း အပတ်စဉ် ကနေ အထိ တပ်မတော်မိသားစုဝင်တွေ၊ တပ်မတော် ချစ်မြတ်နိုးသူတွေ၊ မိမိစိတ်ဆန္ဒနဲ့ အရင်ဦးဆုံး တာဝန်ထမ်းလိုသူ၊ မိမိစိတ်ဆန္ဒနဲ့ အမည်စာရင်း အရင်ဆုံးလာပေးသူတွေကိုသာ စိစစ်ရေးအဖွဲ့တွေက ဦးစားပေး လက်ခံသွားမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

 

ဒါပေမယ့်လည်း မြေပြင်မှာတော့ ပထမအကြိမ် စစ်မှုထမ်းဖို့ ပြည်သူတွေထဲက စတင်ခေါ်ဆောင်ထားတာ ခံနေရပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်နေသူ ၁၄ သန်းဝန်းကျင် (အမျိုးသား ဒသမ သန်းနဲ့ အမျိုးသမီး ဒသမ သန်း) ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 

Burma Associated Press

Naypyitaw
Thief
military

Share With
bap-logo