bap-logo
Business

အမေရိကန်ဒေါ်လာလွှမ်းမိုးမှုကို ထိခိုက်စေမည့် ငွေပေးချေမှုစနစ်များ ရုရှားနှင့် တရုတ်အပါအဝင် နိုင်ငံများ တည်ဆောက်နေ

jWReCQFrVimCAoCEmaNz8-image

လွန်ခဲ့သော ၁၀ လ က

BAP၊ ဘာသာပြန်။

 

အနောက်နိုင်ငံများ၏ တင်းကျပ်သော ဒဏ်ခတ်အရေးယူမှုများကြောင့် ထွက်ပေါက်မဲ့လုနီးပါးဖြစ်နေသော်လည်း ရုရှားနိုင်ငံသည် နိုင်ငံစီးပွားရေး လည်ပတ်ရန် နည်းလမ်းများ ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

 

ရုရှား၏ ကုန်သွယ်မှု မိတ်ဖက်များသည်လည်း ရုရှားနှင့် စီးပွားရေး ဆက်လက်လုပ်ဆောင်ရန်အတွက် အနောက်နိုင်ငံများက ဦးဆောင်သော အမေရိကန်ဒေါ်လာ လွှမ်းမိုးထားသည့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ပြိုင်ဆိုင်ရန် အခြားနည်းလမ်းများ ရှာဖွေနေကြသည်။

 

အမေရိကန်အစိုးရဦးဆောင်သည့် ရုရှားအပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများကြောင့် အခြားနိုင်ငံများကလည်း ဒေါ်လာအပေါ် မှီခိုမှုလျော့ချရေး ဆွေးနွေးမှုများကို ပိုမိုပြုလုပ်လာကြသည်။

 

ရုရှားနှင့် တရုတ်နိုင်ငံအကြား၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုများ လတ်တလောကာလအတွင်း ဖြည်းဖြည်းနှင့် မှန်မှန် တိုးတက်အောင်မြင်မှုအချို့ ရရှိလာသည်။ ယခုအခါ အမေရိကန်ဒဏ်ခတ်အရေးယူမှု ဖိအားများအောက်မှ တရုတ်ဘဏ်များသည်ပင် ရုရှားကုမ္ပဏီများနှင့် ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ရန် ပြန်လှန်အားထုတ်မှုများ ပြုလုပ်နေကြပြီဖြစ်သည်။

 

ရုရှားနှင့် ၎င်း၏ မိတ်ဖက်များသည် နည်းပညာအသုံးပြု၍ ငွေပေးချေမှုကို ပိုမိုလွယ်ကူစေပြီး အနောက်နိုင်ငံများဦးဆောင်သည့်စနစ် ပြင်ပမှ စီးပွားရေးလုပ်ကိုင်ရန်၊ အမေရိကန်ဒေါ်လာ လွှမ်းမိုးထားသည့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ရှောင်လွှဲရန် အခြားနည်းလမ်းများ ရှာဖွေနေကြခြင်းဖြစ်သည်။

 

ငွေပေးချေမှုနည်းပညာ တီထွင်ဆန်းသစ်မှုက ကမ္ဘာ့စီးပွားရေးမှာ ဒေါ်လာရဲ့ အခန်းကဏ္ဍကို လျော့ချနိုင်ပါတယ်။” ဟု Brookings အင်စတီကျုမှ သုတေသီများဖြစ်သော Sam Boocker နှင့် Davide Wessel တို့က ဩဂုတ်လ ဆောင်းပါးတစ်စောင်တွင် ရှင်းပြထားသည်။

 

ဘုရင်တစ်ပါးကဲ့သို့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွင် ခိုင်မာစွာ အမိအရ ခြေကုပ်ယူထားသည့် ဒေါ်လာသည် နန်းကျဖွယ်မရှိဟု ကျွမ်းကျင်သူအများစုက ပြောသည်။ သို့ရာတွင် ဒေါ်လာလွှမ်းမိုးမှုကို ဖယ်ရှားပစ်နိုင်သည့် ပလက်ဖောင်းအသစ်များ ပေါ်ထွက်လာနေသည်။

 

အမေရိကန်ဦးဆောင်သည့် ကုန်သွယ်မှုနှင့် ငွေပေးချေမှုစနစ်များကို ချိုးဖျက်ရန် ကြိုးပမ်းနေသည့် အခြားသော ကုန်သွယ်မှုနှင့် ငွေပေးချေမှုစနစ်အချို့ ရှိနေသည်။

 

ရုရှားအစိုးရက ပြည်တွင်းဖြစ် ရူဘယ်အခြေပြု ငွေပေးစနစ်ဖြစ်သည့် ဘဏ္ဍာရေး အချက်အလက်များ လွှဲပြောင်းပေးပို့မှုစနစ် SPFS ကို ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည်

 

 

အန္တရာယ်ကျရောက်နိုင်ခြေ’ ရှိသည့်အတွက် ရုရှားက SPFS နှင့် Mir ကို ဖန်တီးတည်ဆောက်ထား

 

၂၀၁၄ ခုနှစ်တွင် ခရိုင်မီးယားကို တိုးချဲ့သိမ်းပိုက်လိုက်သည့်အတွက် ကုန်သွယ်မှု ကန့်သတ်ချက်များ ချမှတ်ခံရပြီးနောက်ပိုင်းမှစတင်၍ပင် ဒဏ်ခတ်အရေးယူမှုများ ပိုမိုချမှတ်လာနိုင်သည့်အတွက် ရုရှားနိုင်ငံက ပြင်ဆင်ထားခဲ့သည်။

 

ကမ္ဘာ့ဘဏ္ဍာရေးကွန်ယက်ကို အသုံးပြုရာမှာ အန္တရာယ်ကျရောက်နိုင်ခြေတွေ ရှိပါတယ်။” ဟု ရုရှားဗဟိုဘဏ် အကြီးအကဲ Elvira Nabiullina က ၂၀၁၈ ခုနှစ်တွင် CNBC ကို ပြောသည်။ "ဒါကြောင့် ၂၀၁၄ ခုနှစ်ကတည်းက ကျွန်မတို့ ကိုယ်ပိုင် စနစ်တွေ တည်ဆောက်ခဲ့ပါတယ်။”

 

ယူကရိန်းကို အလုံးစုံကျူးကျော်မှုနောက်ပိုင်း ရုရှားဘဏ်အချို့ကို ဘဏ်ငွေကြေးလွှဲပြောင်းမှု သတင်းအချက်အလက်ပေးပို့သည့် စနစ် SWIFT မှ ပိတ်ဆို့ထားခဲ့သည်။ ရုရှားအစိုးရက ပြည်တွင်းဖြစ် ရူဘယ်အခြေပြု ငွေပေးစနစ်ဖြစ်သည့် ဘဏ္ဍာရေး အချက်အလက်များ လွှဲပြောင်းပေးပို့မှုစနစ် SPFS ကို ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

 

၂၀၂၃ နှစ်ကုန်ပိုင်းတွင် SPFS အသုံးပြုသူများမှာ နိုင်ငံပေါင်း ၂၀ မှ အဖွဲ့အစည်း ၅၅၆ ခု အထိ ပါဝင်သည်။ ၎င်းတို့အနက် ပါဝင်အသုံးပြုသူစုစုပေါင်း၏ လေးပုံတစ်ပုံခန့်ဖြစ်သော ၁၅၉ ဖွဲ့မှာ နိုင်ငံခြားမှဖြစ်ပြီး ၎င်းစနစ်ကို ၂၀၂၂ ခုနှစ်ထက် နှစ်ဆ ပိုမိုအသုံးပြုလာသည်ဟု ရုရှားဗဟိုဘဏ်ကို ကိုးကား၍ ရုရှားသတင်းအေဂျင်စီ Interfax က ဖော်ပြထားသည်။

 

အပြင်းအထန် ဒဏ်ခတ်အရေးယူခံထားရသည့် အခြားသော နိုင်ငံတစ်ခုဖြစ်သည့် အီရန်က ရုရှားနှင့် ဂျူလိုင်လတွင် နှစ်နိုင်ငံအကြား ဘဏ်စနစ်ချင်း ချိတ်ဆက်ရန် အချက်အလက်များ အပြီးသတ်ရေးဆွဲခဲ့သည်ဟု အီရန် Mehr သတင်းအေဂျင်စီက တင်ပြထားသည်။

 

ထို့အတွက် ရုရှား၏ Mir ငွေပေးချေစနစ်နှင့် အီရန်၏ Shetab ဘဏ်စနစ်တို့ လုပ်ငန်းလုပ်ကိုင်လာနိုင်ပြီး အပယ်ခံနိုင်ငံနှစ်ခုအကြား ကုန်သွယ်မှုများ ပိုမိုချောမွေ့လာမည်ဖြစ်သည်။

 

၂၀၂၃ ခုနှစ်တွင် CIPS က စုစုပေါင်း တရုတ်ယွမ် ၁၂၂ ထရီလီယံ သို့မဟုတ် ဒေါ်လာ ၁၇. ထရီလီယံ တန်ဖိုးရှိသည့် ငွေကြေးလွှဲပြောင်းမှုပေါင်း . သန်း လုပ်ဆောင်ပေးခဲ့ပြီး ယခင် နှစ်ထက် ၃၀% တိုးတက်လာသည်ဟု တရုတ်နိုင်ငံ ဗဟိုဘဏ်က ဆိုသည်

 

 

 

လျင်မြန်စွာ ကြီးထွားတိုးတက်လာသည့် တရုတ်၏ CIPS

 

တရုတ် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်း ငွေပေးချေမှုစနစ် Cross-Border Interbank Payment System (CIPS) သည် ငွေပေးချေမှုများကို တရုတ်ယွမ်နှင့် ဆောင်ရွက်ရသည့် အခြားသော ရွေးချယ်စရာ စနစ်တစ်ခုဖြစ်သည်။

 

၂၀၁၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည့် CIPS စနစ်သည် ဂျူလိုင်လတွင် ပါဝင်အသုံးပြုသူ ၂၀၀၀ ခန့် ရှိပြီး SWIFT အသုံးပြုသူ ၁၁၀၀၀ နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

 

CIPS “က မကြာသေးခင်နှစ်များအတွင်း အလျင်အမြန် ကြီးထွားတိုးတက်လာပါတယ်။” ဟု Brookings သုတေသီများက ရေးသားထားသည်။

 

၂၀၂၃ ခုနှစ်တွင် CIPS က စုစုပေါင်း တရုတ်ယွမ် ၁၂၂ ထရီလီယံ သို့မဟုတ် ဒေါ်လာ ၁၇. ထရီလီယံ တန်ဖိုးရှိသည့် ငွေကြေးလွှဲပြောင်းမှုပေါင်း . သန်း လုပ်ဆောင်ပေးခဲ့ပြီး ယခင် နှစ်ထက် ၃၀% တိုးတက်လာသည်ဟု တရုတ်နိုင်ငံ ဗဟိုဘဏ်က ဆိုသည်။

 

ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်သည့် အိန္ဒိယ၏ UPI

 

ယခုအခါ ရုရှား၏ အဓိက ကုန်သွယ်ဖက်ဖြစ်လာသည့် အိန္ဒိယတွင်လည်း ကိုယ်ပိုင်စနစ်တစ်ခု ရှိသည်။

 

၎င်း၏ Unified Payments Interface (UPI) ကို ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ယခုအခါ နေ့စဉ်သုံးစွဲသူများအပါအဝင် အိန္ဒိယတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြပြီဖြစ်သည်။

 

ငွေပေးချေမှုစနစ်မှာ အလွန်ကြီးမားကျယ်ပြန့်လာပြီး အိန္ဒိယတွင်သာ အသုံးပြုရန် ကန့်သတ်ထားခြင်း မရှိပေ။ အိန္ဒိယ အမျိုးသား ငွေပေးချေမှု ကော်ပိုရေးရှင်းက ပြင်သစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် စင်ကာပူအပါအဝင် အခြားနိုင်ငံများမှ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် မိတ်ဖက် ဖွဲ့စည်းထားသည်။

 

UPI က အခြားနိုင်ငံများသို့ ပို၍ ခြေလှမ်းဆန့်နိုင်ခဲ့လျှင် SWIFT ဘဏ်စနစ်ကို ကျော်လွှားနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်လာနိုင်သည်ဟု ဩစတြေးလျ ပညာရှင်အဖွဲ့အစည်း Lowy Institute မှ နိုင်ငံတကာ ဆက်ဆံရေး ဆန်းစစ်အကဲဖြတ်သူ Evan Freidin က ရေးသားထားသည်။

 

“UPI ကို အသုံးပြုပြီး SWIFT ဘဏ်စနစ်ကို ကျော်လွှားနိုင်တယ်ဆိုတာ အလွန်အရေးပါထင်ရှားတဲ့အချက်ဖြစ်ပါတယ်။ ရုရှားနိုင်ငံလို ဒဏ်ခတ်အရေးယူခံထားရတဲ့ နိုင်ငံတွေနဲ့ ငွေပေးချေမှုလုပ်နိုင်တဲ့အတွက် အမေရိကန် ဘဏ္ဍာရေး လွှမ်းမိုးမှုကို အားနည်းစေပါတယ်။” ဟု Freidin က ဂျူလိုင်လတွင် ရေးသားထားသည်။

 

ဒစ်ဂျစ်တယ်ငွေကြေးကို မျက်စိကျလာသည့် ဗဟိုဘဏ်များ

 

နိုင်ငံအများအပြားတွင် ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး Central Bank Digital Currencies(CBDC) များ ဖန်တီးရန် ကြိုးပမ်းမှုများလည်း တိုးမြင့်လာသည်။ ၎င်းတို့မှာ ခရစ်တိုငွေကြေးနှင့် ဆင်တူသော်လည်း ထုတ်ဝေသူနှင့် ကျောထောက်နောက်ခံပြုသူများမှာ ဗဟိုဘဏ်များဖြစ်ကြသည်။

 

ဗဟိုဘဏ်များ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှု ဘဏ် Bank for International Settlementsသည် နယ်စပ်ဖြတ်ကျော် လက်ကား ငွေပေးချေမှုအတွက် CBDC ပလက်ဖောင်းတစ်ခု စမ်းသပ်သုံးစွဲခြင်းကို ကြီးကြပ်ကွပ်ကဲနေသည်။

 

၎င်းစီမံချက်တွင် ပါဝင်သူများကို mBridge ဟု ခေါ်ဆိုပြီး တရုတ်၊ ဟောင်ကောင်၊ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျတို့ ပါဝင်သည်။ ၎င်းစီမံချက်ကို ကြီးစိုးထားသူမှာ ဒစ်ဂျစ်တယ် တရုတ်ယွမ်ငွေကြေး ထုတ်ဝေထားပြီးသူ တရုတ်အစိုးရဖြစ်သည်။

 

Brookings သုတေသီများက CDBC သည် "ငွေကြေးလွှဲပြောင်းမှုအချိန်ကို လျော့ချခြင်း၊ ဈေးသက်သာခြင်း၊ ဒေါ်လာမဟုတ်သော ငွေကြေးများကို ကုန်သွယ်ရာတွင် လွယ်ကူစေခြင်းတို့ဖြင့် ဒေါ်လာရဲ့ 'ကြားခံအလယ်လူ’ ငွေကြေး အခန်းကဏ္ဍကို ပြောင်းပြန်လန်သွားစေနိုင်ပါတယ်။” ဟု ရေးသားထားသည်။

 

လက်ရှိစနစ်ဖြစ်သော SWIFT နှင့် အဓိကစနစ်တစ်ခုဖြစ်သော အမေရိကန်ဒေါ်လာအသုံးပြု ရောင်းသူ၊ ဝယ်သူ လိုက်နာရန် ငွေပေးချေမှုစနစ် CHIPS တို့ကဲ့သို့ မဟုတ်ဘဲ CBDC က သတင်းအချက်အလက်ပေးပို့မှုနှင့် ငွေပေးချေမှုတို့ကို ပူးတွဲထည့်သွင်းတည်ဆောက်ထားသည်။

 

ခရစ်ပတိုနယ်ပယ်သို့ အလျင်စလို ဝင်ရောက်လာသည့် ရုရှား

 

ဒေါ်လာနှင့် ယူရိုကဲ့သို့ တရားဝင်ငွေကြေးများ အသုံးပြုရန် ကန့်သတ်ခံရသည့်အတွက် ရုရှားသည် ခရစ်ပတိုငွေကြေးနှင့် ကုန်သွယ်ရန် ကြိုးပမ်းလာသည်။

 

စနစ်တစ်ခု တည်ဆောက်ရန် အလျင်စလိုလုပ်ဆောင်နေပြီး ခရစ်ပတိုငွေကြေးလဲလှယ်မှု စမ်းသပ်ရေးကို စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသည့် သတင်းအရင်းမြစ်များက Bloomberg ကို ဩဂုတ်လကုန်ပိုင်းတွင် ပြောသည်။

 

တရုတ်ဘဏ်များကပင် ရုရှားအဖွဲ့အစည်းများနှင့် ငွေကြေးလွှဲပြောင်းမှု အများစု ပြုလုပ်ရန် ငြင်းဆန်နေသည့်အတွက် ၎င်းငွေပေးချေမှုစနစ်ကို ဖန်တီးရေး ဖိအားပေးခံနေရသည်။

 

နိုင်ငံတကာ ငွေပေးချေမှုများ လုပ်ဆောင်ရာတွင် ဒစ်ဂျစ်တယ် ငွေကြေး အသုံးပြုမှု မြင့်တက်လာသည့်အတွက် ရုရှားနိုင်ငံသည် ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများအတွက် ဥပဒေမူဘောင်တစ်ခု ဖန်တီးရေး "အမိအရ လုပ်ဆောင်ရမည်" ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဂျူလိုင်လတွင် ပြောသည်။

 

ဆိုဗီယက်ခေတ်နှင့် ရူဘယ်ငွေကြေး ပြိုကျမှုကာလများအတွင်း ကုန်ဖလှယ်မှုစနစ်ကို ကျင့်သုံးခဲ့သည်။ ၎င်းအချိန်တွင် တရုတ်နိုင်ငံသည် အဓိက ကုန်သွယ်မှုမိတ်ဖက်တစ်ဦးဖြစ်သည်

 

 

ကုန်ဖလှယ်မှုစနစ်သို့ ပြန်သွားခြင်း

 

၎င်းစနစ်များ အားလုံး ကျဆုံးခဲ့လျှင် ခေတ်ဟောင်းနည်းလမ်းဖြစ်သည့် ကုန်ပစ္စည်းဖလှယ်သည့် စနစ် ရှိပါသေးသည်။

 

ရုရှားနှင့် တရုတ်သည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများကို ရှောင်လွှဲရန် ကုန်ဖလှယ်မှု ကျင့်သုံးရေး ပြန်လည်အသက်သွင်းရန် စီစဉ်နေသည်ဟု ဩဂုတ်လတွင် Reuters က တင်ပြခဲ့သည်။

 

သဘောတူညီမှုတွင် စိုက်ပျိုးရေးထွက်ကုန်များပါဝင်နိုင်ပြီး လာမည့် ဆောင်းဦးရာသီတွင် အစောဆုံး စတင်နိုင်သည်ဟု အမည်မဖော်လိုသည့် ကုန်သွယ်မှုနှင့် ငွေပေးချေမှု သတင်းအရင်းအမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။

 

၎င်းနှစ်နိုင်ငံသည် ကုန်ဖလှယ်မှုစနစ်နှင့် အစိမ်းသက်သက်များ မဟုတ်ကြပေ။

 

ဆိုဗီယက်ခေတ်နှင့် ရူဘယ်ငွေကြေး ပြိုကျမှုကာလများအတွင်း ကုန်ဖလှယ်မှုစနစ်ကို ကျင့်သုံးခဲ့သည်။ ၎င်းအချိန်တွင် တရုတ်နိုင်ငံသည် အဓိက ကုန်သွယ်မှုမိတ်ဖက်တစ်ဦးဖြစ်သည်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန် အစိုးရကလည်း ရုရှား ရေနံစိမ်းထုတ်ကုန်များကို စဗျစ်သီးခြောက်များ၊ တွင်းထွက်သတ္တုများ၊ ဆေးဘက်ဝင်အပင်များနှင့် ကုန်ဖလှယ်သည့်စနစ်ဖြင့် ကုန်သွယ်ရန် ဆွေးနွေးခဲ့သည်ဟု ရုရှား နိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti က ဖော်ပြခဲ့သည်။

 

ပြီးခဲ့သည့်နှစ်တွင် ငွေကြေးပြတ်လတ်မှုဖြစ်ပေါ်နေသည့် ပါကစ္စတန်နိုင်ငံက ရုရှားနိုင်ငံနှင့် သတ်မှတ်ကုန်စည်များကို ကုန်ဖလှယ်မှုစနစ်နှင့် ကုန်သွယ်ရန် ခွင့်ပြုခဲ့သည်။

 

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံမှ ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ ဆီအုန်းများကို သဘာဝအရင်းအမြစ်များ၊ ကာကွယ်ရေးပစ္စည်းများအပါအဝင် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ကုန်သွယ်လဲလှယ်ခဲ့သည်။

 

ကိုးကား - Business Insider

 

ပုံစာ - အိန္ဒိယတွင် Unified Payment Interface QR ကုဒ်ကို ကျယ်ပြန့်စွာ အသုံးပြုနေသည်။ ( David Talukdar/UCG/Universal Images Group via Getty Images)

 

dollar
American
Russia
china

Share With
bap-logo