bap-logo
Data

စဉ့်ကူးတိုက်ပွဲများတွင် ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် (၁၅) ဦး အရှင်ဖမ်းဆီးရမိခဲ့

hnxSuadsdCjmK9n38rCY9-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၉။

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံမှသိရသည်။

 

စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည် ရဲစခန်း လက်ပန်လှ ရဲစခန်း ကျည်တောက်ပေါက် တပ်စခန်း ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု MDY-PDF က ထုတ်ပြန်ထားသည်။

 

ယခုစခန်းများပါလျှင် MDY-PDF နှင့် ပူးပေါင်းအဖွဲ့များ စဉ့်ကူးမြို့နယ်အတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ တပ်စခန်(၁၁)ခုအထိ ရှိခဲ့ပြီလာပြီဖြစ်သည်။

 

အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ချ အလင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိခဲ့ကြောင်းသိရသည်။

 

ထို့အပြင် စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်း အထုပ်များအပါအဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည် ဟုလည်း အသိပေးထားသည်။

 

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးနေသည်ဟုလည်း အသိပေးထားသည်။

 

ဓာတ်ပုံ- MDY-PDF

 

Burma Associated Press

crash
Singu
PDF
Mandalay PDF
military

Share With
bap-logo