bap-logo
Data

အာဏာသိမ်းပြီးနောက် ကရင်နီမှာ အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၅၀၀ ကျော်အထိရှိပြီး လွိုင်ကော်က အများဆုံးဖြစ်

zoP1zM_UsrDd1oGLfJCh0-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၅။

 

မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၅၀၀ ကျော်အထိရှိနေပြီး မြို့တော်လွိုင်ကော်က အများဆုံးဖြစ်ကြောင်း သိရသည်။

 

ကရင်နီသတင်းအချက်အလက်စင်တာ၏ အချက်အလက်များအရ မြို့တော်လွိုင်ကော်တွင် အရပ်သားသေဆုံးသူ ၁၈၀ ဦး အထိရှိခဲ့သည်။

 

ဖယ်ခုံနှင့် ဒီးမော့ဆိုမြို့နယ်များတွင်လည်း အရပ်သားသေဆုံးမှု ရာဂဏန်းအထက် ရှိခဲ့သည်။

 

အရပ်သားများသေဆုံးရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီ၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အများဆုံးဖြစ်ကာ သေဆုံးသူ ၂၇၆ ဦးအထိရှိခဲ့သည်။ အခြားသော သေဆုံးမှုများတွင် လက်နက်ကြီး လက်နက်ငယ်ထိခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ၊ မိုင်းကြောင့်သေဆုံးမှုများနှင့် အကျဉ်းထောင်များအတွင်း သေဆုံးမှုများလည်းပါဝင်သည်။

 

ကရင်နီဒေသသည် စစ်အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး ဒေသ၏ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပြီးခဲသည့် မတ်လတွင် ထုတ်ပြန်ထားသည်။

 

ပုံစာ - ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သားတစ်ဦးနှင့် ကျန်ရစ်သူ မိသားစု။

 

Burma Associated Press

Karenni
civilian
Loikaw
Killing

Share With
bap-logo