bap-logo
Data

စဥ့်ကူးမှ စစ်​ကောင်စီ တပ်စခန်း ၆ ခု PDF သိမ်းပိုက်

-Uw-Oig6rW8P5jE98SKKu-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၃။

 

မန္တလေးတိုင်း စဥ့်ကူးမှ စစ်ကောင်စီ တပ်စခန်း ခုကို သိမ်းပိုက်ထားနိုင်ပြီဟု မန္ထလေး PDF ထံမှသိရသည်။

 

စဉ့်ကူးမြို့နယ်အတွင်းရှိ ဒိုးနွယ်ရွာ တပ်စခန်း နမ့်ဟပ်ရွာ တပ်စခန်း မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ရွှေမာလဲစေတီ တပ်ခစန်း ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်း တို့ကို အပြီးသတ် သိမ်းပိုက်ထားသည်ဟုဆိုသည်။

 

ထို့အပြင် စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ (၄၀)ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း (၁၃) ဦးခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖ မှလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးလျက်ရှိသည်ကြောင်းဖော်ပြထားသည်။

 

ဓါတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

 

Burma Associated Press

Singu
Mandalay PDF
military

Share With
bap-logo