bap-logo
Politics

ရဟတ်ယာဉ်ငှားရမ်း၊ ဝယ်ယူမှုနှင့် သက်ဆိုင်သည့် အတိုင်ပင်ခံနှင့် သမ္မတ၏ အယူခံအမှုများ တရားလွှတ်တော်ချုပ် ကြားနာ

gQrnKUbsoYsnnQZh8PqXY-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၁၂

NLD အစိုးရလက်ထပ်တုန်းက ရဟတ်ယာဉ်တစီး ငှားရမ်းဝယ်ယူခွင့်ပြုခဲ့ရာမှာ အဂတိလိုက်စားမှုများ ရှိခဲ့တယ်လို့ စွပ်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ်များ ချမှတ်ခဲ့တဲ့ အဂတိမှု ငါးမှုအတွက် အယူခံများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံကြားနာခဲ့တယ်လို့ နေပြည်တော် တရားရုံး အသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

ယနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ရဲ့ ကိုယ်စား ရှေ့နေတွေက ပြည်ထောင်စုတရား လွှတ်တော် ချုပ်ကို အယူခံလျှောက်လဲမှုများပေးခဲ့တာပါ။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အပြစ်ရှိတယ်ဆိုပြီး အထူးတရားရုံးက အဂတိမှု ငါးမှုအတွက် ထောင်ဒဏ် နှစ်စီ ချမှတ်ခဲ့တဲ့အတွက် အယူခံဝင်တာဖြစ်ပြီး အယူခံ တရားခွင်ကို နှစ်ဦးလုံး တက်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

 

ဒီဇင်ဘာတုန်းက ပြုလုပ်တဲ့ တရားခွင်မှာတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေတွေက တွေ့ဆုံစကားပြောခွင့် ရခဲ့ပေမယ့် နောက်ပိုင်းမှာ အယူခံမှုများအတွက် ဆွေးနွေးဖို့ တွေ့ဆုံခွင့် မရတော့ပါဘူး။

 

အကျဉ်းကျခံနေရတဲ့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက အများစု စွပ်စွဲခဲ့တဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပါတယ်။

 

Burma Associated Press

 

Aung San Suu Kyi
President
Appeal

Share With
bap-logo