bap-logo
Politics

အမေရိကန် သမ္မတ အစ္စရေးသို့ သွားရောက်မည်

fKSlG8IVGrjjm5sBSIE-F-image

လွန်ခဲ့သော ၂ နှစ် က

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ဗုဒ္ဓဟူးနေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားသည်။

 

သူက ဒေသအတွက်၊ ကမ္ဘာအတွက် အရေးကြီးတဲ့ ကာလမှာ အစ္စရေးကို လာရောက်တာ ဖြစ်ပါတယ်။” ဟု အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေညာ လိုက်ခြင်း ဖြစ်သည်။

 

အိမ်ဖြူတော်သည် "အစ္စရေး၏ မိမိကိုယ်ကို ကာကွယ်ရန် အခွင့်အရေးရှိသည်” ဟူသည့် ၎င်း၏ ပြောကြားမှုကို ယခုအထိ လက်ခံကိုင်စွဲထားဆဲဖြစ်သည်။ အစ္စရေးသည် ဂါဇာကမ်းမြှောင်ကို ၁၀ ရက်မြောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေပြီး ဂါဇာကမ်းမြှောင်ကို ဝိုင်းပတ်ပိတ်ဆို့ကာ ရေ၊ အစားအသောက်နှင့် လျှပ်စစ်ဖြတ်တောက်ရန် အမိန့်ပေးထားသည်။

 

ပိတ်ဆို့တားဆီးခြင်းကို လူ့အခွင့်အရေးအဖွဲ့များက လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်သည်ဟုဆိုကာ ဝေဖန်ခဲ့ကြသည်။ ပဋိပက္ခကြောင့် အစ္စရေးတွင် အနည်းဆုံး ၁,၄၀၀ ခန့်၊ ဂါဇာတွင် ၂,၇၀၀ ခန့် သေဆုံးခဲ့ပြီဖြစ်သည်။

 

ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ UNRWA က ထောက်ပံ့ပေးပို့မှုများ မရရှိတော့လျှင် လူသားချင်းစာနာမှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားသည်။

 

အစ္စရေးစစ်တပ်က ဂါဇာမြောက်ပိုင်းတွင် နေထိုင်သူများကို တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် တိုက်တွန်းနေပြီး ဟားမက်စ်တို့ကို "သာလွန်အင်အားဖြင့်” တန်ပြန်သွားမည်ဟု ကတိပြုထားသည်။

 

ကိုးကား - CNBC

ပုံစာ - အောက်တိုဘာလ ၁၅ ရက် ၂၀၂၃ ခုနှစ် ဂါဇာ၏ တောင်ပိုင်းနယ်စပ်နှင့် အီဂျစ်နိုင်ငံသို့ ဖြတ်ကူးနိုင်သည့် Rafah နယ်စပ်ကို တွေ့မြင်ရသော Maxar ဂြိုဟ်တုပုံရိပ်။ (Photo: Satellite image ©2023 Maxar Technologies)

 

Burma Associated Press

 

Israel
American
Joe Biden

Share With
bap-logo