bap-logo
Politics

စမ်းချောင်းမြို့နယ်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ejUyf64NsY1RhikBiEcx9-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၆။

 

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက် စစ်‌ကောင်စီခန့် အုပ်ချုပ်ရေးမူးတဦးကို ဒီနေ့ ဇူလိုင်လ ရက် နေ့လယ်ပိုင်း လက်ဖက်ရည်သောက်နေချိန်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ခင်စိုး (ခေါ်) စိုးစိုးဟာ ရပ်ကွက်နေပြည်သူတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ ပြုလုပ်ကာတော်လှန်ရေးကို ပုံစံအမျိုးမျိုးနဲ့ဖျက်ဆီး နှောက်ယှက်နေသူဖြစ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Freeland Attack Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဟာ ပျူစောထီးသင်တန်းဆင်းတစ်ယောက်ဖြစ်ပြီးတော်လှန်ရေးရဲဘော်တွေရဲ့သတင်းတွေကို စစ်ကောင်စီထံ ထောက်လှမ်းသတင်းပေးနေသူဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။

 

ပစ်ခတ်ခံရသူဟာ ကြံ့ခိုင်‌ရေးပါတီ အမာခံတစ်ဦးဖြစ်ပြီး စစ်မှုထမ်းဥပဒေအတွက် မြို့နယ်အတွင်း ဦးဆောင် လှုပ်ရှားပေးနေသူဖြစ်တယ်လို့သိရပါတယ်။

 

လုပ်ကြံသတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သတ်တဲ့စွပ်စွဲချက်တွေကို BAP နေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

 

ဓါတ်ပုံ-လူမှုကွန်ရက်

 

Burma Associated Press

Sanchaung Township
SAC
killed
PDF
Freeland Attack Force

Share With
bap-logo