bap-logo
Politics

တရုတ်ပြောသည့်အတွက် တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်

QKHRTIOPxAY5wsH0FkOpV-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၉။

 

တရုတ်သံအမတ်ကတောင်းဆိုသည့်အတွက် တရုတ်နှစ်သစ်ကူးနေ့ကို စစ်ကောင်စီက ရုံးပိတ်ရက် အဖြစ် လာမည့်နှစ်မှ စတင်ကာ သတ်မှတ်ပေးခဲ့သည်။

 

လာမည့် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ် အများပြည်သူအလုပ်ပိတ်ရက်များတွင် တရုတ်နှစ်သစ်ကူးနေ့ ပထမဆုံးအကြိမ်ပါဝင်လာခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင်ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးနေ့အခမ်းအနားတွင် တရုတ်သံအမတ် Mr. Chen Hai က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နှစ်သစ်ကူးနေ့အား မြန်မာနိုင်ငံ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

လာမည့်နှစ် ဇန်နဝါရီလ ရက် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့်အတူ တရုတ်နှစ်သစ်ကူးနေ့ကိုပါ အလုပ် ပိတ်ရက် သတ်မှတ်လိုက်သည့်အကြောင်း စစ်ကောင်စီက ဇူလိုင် ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

ယခုကဲ့သို့ တရုတ်နှစ်သစ်ကူးကို ပြက္ခဒိန်တွင်ထည့်သွင်းကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသည့် အပေါ် တရုတ်သံရုံးကလည်း ကြိုဆိုခဲ့သည်။

 

ဓာတ်ပုံ- တရုတ်သံရုံးစာမျက်နှာ

 

Burma Associated Press

Lunar New Year
Holiday
Myanmar

Share With
bap-logo