bap-logo
International

အီတလီကမ်းရိုးတန်းအနီး ဒုက္ခသည် စက်လှေနစ်မြုပ်မှု လူ ၆၀ ခန့် သေဆုံး

dXZadUTVjjXHGtNGarejl-image

လွန်ခဲ့သော ၂ နှစ် က

 ဖေဖော်ဝါရီ ၂၇

 

ရွှေ့ပြောင်းဒုက္ခသည်များ သယ်ဆောင်လာသည့် စက်လှေတစ်စင်းသည် အီတလီတောင်ပိုင်း ခရီတုန် ကမ်းရိုး တန်းမြို့အနီး ကျောက်ဆောင်တစ်ခုကို ဝင်တိုက်မိရာ ကလေး ၁၂ ဦးအပါအဝင် လူ ၅၉ ဦး ထက်မနည်း သေဆုံးခဲ့ရပြီး ယင်းအနက် နှစ်ဒါဇင်ကျော်မှာ ပါကစ္စတန်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသစ်သားစက်လှေသည် ပါကစ္စတန်၊ အီရန်နှင့် အာဖဂန်နစ္စတန်မှ ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင် ကာ တူရကီမှ ထွက်ခွာလာခြင်းဖြစ်ပြီး နစ်မြုပ်မှုအတွင်း ၈၁ ဦး အသက်ရှင်လွတ်မြောက်ခဲ့ပြီး လူ ၂၀ ဆေးရုံ တင်ထားရကြောင်း အီတလီအာဏာပိုင်များက ပြောကြားခဲ့သည်။

 

"ဒီလိုစက်လှေနစ်မြုပ်တဲ့ဖြစ်ရပ်ဆိုးမှာ ပါကစ္စတန်နိုင်ငံသား နှစ်ဒါ‌ဇင်ကျော်ပါဝင်နေတာဟာ တကယ်ပဲ စိုးရိမ် စရာကောင်းပါတယ်။ ဒီ အချက်အလက်တွေမှန်မမှန် အမြန်ဆုံးစုံစမ်းဖို့ နိုင်ငံခြားရေးရုံးကို ညွှန်ကြားထား ပါတယ်" ဟု ပါကစ္စတန် ဝန်ကြီးချုပ် ရှီးဘတ် ရှရစ်ဖ် (Shehbaz Sharif) က ပြောကြားခဲ့သည်။

 

တူရကီသည် လူမှောင်ခိုသမားများ ဥရောပသို့ ရွှေ့ ပြောင်းအခြေချသူများကို မှောင်ခိုသယ်ဆောင်ရာတွင် အများဆုံးအသုံးပြုသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ ရွှေ့ပြောင်းဒုက္ခသည်များသည် ရံဖန်ရံခါ ကုန်းလမ်းခရီး မိုင်ပေါင်းများစွာ လမ်းလျှောက်၍ စက်လှေဝမ်းခေါင်းတွင် နေ့ရက်‌ပေါင်းများစွာ လှောင်ပိတ်ခံကြရသည်။

 

အီတလီနိုင်ငံမှာ ပင်လယ်ရေကြောင်းမှ ဥရောပသို့ အခြေချရန် ကြိုးစားနေသည့် ရွှေ့ပြောင်းဒုက္ခသည်များ အတွက် အဓိကကမ်းကပ်ရာဖြစ်ပြီး အများစုမှာ ဥရောပမြောက်ပိုင်း နိုင်ငံများသို့ ခရီးဆက်နှင်ကြကြောင်း သိရသည်။

 

ကုလသမဂ္ဂ၏ ပျောက်ဆုံးရွှေ့ပြောင်းအခြေချသူများစောင့်ကြည့်ရေးစီမံကိန်းအရ ၂၀၁၄ နောက်ပိုင်း မြေထဲ ပင်လယ်အလယ်ပိုင်း ဖြတ်ကူးရာတွင် သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ ၁၇,၀၀၀ ကျော် ရှိကြောင်း သိရသည်။ ယခုနှစ်တွင်လည်း အသေအပျောက် ၂၀၀ ခန့် ရှိပြီဖြစ်ကြောင်း ခန့်မှန်းထားသည်။

 

Source – Reuters/Al Jazeera

ပုံစာ။ ကျောက်ဆောင်နှင့်တိုက်မိပျက်စီးသွားသော ဒုက္ခသည်လှေ။

 

Burma Associated Press

Italy
Refugee
turkey

Share With
bap-logo