bap-logo
Politics

ကနီနှင့်ယင်းမာပင်မြို့နယ်သို့ စစ်ကောင်စီ ၁လနီးပါးကြာ စစ်ကြောင်းထိုး၊ ရွာပေါင်း၂၅ ရွာ စစ်ဘေး ရှောင်ရ

bGji_t0wFAnO0pIjZ7eAS-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ကနီနှင့်ယင်းမာပင်မြို့နယ်သို့ စစ်ကောင်စီတသည် ၁လနီးပါးကြာ စစ်ကြောင်းထိုးခဲ့ရာ ရွာပေါင်း ၂၅ ရွာမှ ဒေသခံပြည်သူများ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ရက်တွင် စစ်ကောင်စီစစ်ကြောင်းသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း ကျောက်မှော် ကျေးရွာသို့ သေနတ်များ ရမ်းကားပစ်ဖောက်ကာ စတင်စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်သည်။

 

"စစ်အုပ်စုဟာကျောက်မှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ အလှူခံပုံးကိုလည်း ဖောက်ထွင်းယူဆောင်သွား ကြောင်း သိရှိရပြီး၊ ကျေးရွာအတွင်း ပြည်သူပိုင်နေအိမ်များကိုလည်း ဖောက်ထွင်းခဲ့တယ်" ဟု ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

 

အဆိုပါနေ့မှစတင်၍ စစ်ကောင်စီစစ်ကြောင်းသည် ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်ခြေ ၃၄၂ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အပြစ်မဲ့ပြည်သူ ၄ ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

 

"စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကျောက်မှော်ကျေးရွာရှိ သက်ကြီးရွယ်အို ၃ ဦးဟာ အပြင်သို့ ရှောင်တိမ်း ချိန်မရဘဲ ကျေးရွာအတွင်းပိတ်မိကာ အစာရေစာပြတ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်" ဟု ယင်းမာပင်သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ခဲ့သည်။

 

ဒေသတွင်းစစ်ကြောင်းထိုးမှုကြောင့် ယင်းမြို့နယ် ခုမှ အပြစ်မဲ့ပြည်သူထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများ လိုအပ်နေကြောင်းသိရသည်။

 

အဆိုပါစစ်ကြောင်းသည့် ယမန်‌နေ့တွင် ယင်းမာပင်မြို့ နယ်အောင်ဇေယျကုန်း(အကျိုးကန်းကုန်း)မှ တရော် ကျင်းရွာ အရှေ့ဘက်ထိ ကင်းပုန်းချထားပြီး၊ စုန်းချောင်းကျေးရွာမှ ပြည်သူ ၃ ဦးနှင့် မုံရွာ-ယာကြီး-ကလေးဝ လမ်းဘေးဝဲယာရှိကျေး ရွာများမှ ပြည်သူ ၃၀ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေးကထုတ်ပြန်သည်။

 

ပုံစာ။ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အပျက် အစီးများ

 

ဓာတ်ပုံ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

 

Burma Associated Press

 

Myanmar
Military
Burned
killed
house
Civilian
Sagaing
Refugee

Share With
bap-logo