bap-logo
Politics

ညောင်ကိုင်းရွာ ပျူ‌စောထီးဂိတ်စခန်းအား ကန့်ဘလူမဟာမိတ်အဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်

k1rtuf5KrODUXi0tAcma6-image

လွန်ခဲ့သော ၂ နှစ် က

ကန့်ဘလူ၊ဖေဖော်ဝါရီ ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်၊ ညောင်ကိုင်းကျေးရွာတွင် အထိုင်ချ ဂိတ်ဖွင့်ထား သော စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ယနေ့ နံနက်ပိုင်းက ကန့်ဘလူမဟာမိတ် အဖွဲ့များမှ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။

 

အဆိုပါဂိတ်ကို Kanbalu Underground Warriors MPF U.18 ၊ မြေပြင်လှုပ်ရှားညီနောင်များနှင့် ကန့်ဘလူ မြို့နယ် L - PDF မဟာမိတ်အဖွဲ့များပူးပေါင်းကာ၊ Drone တပ်ဖွဲ့ အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့်ပြန် လည် ပစ်ခတ်ခဲ့ရာ ၄ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် ကန့်ဘလူမဟာမိတ် အဖွဲ့များက အောင်မြင် စွာဖြင့် အဆိုပါဂိတ်စခန်း ကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့ကဆိုသည်။

 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ အများအပြား ပြင်းထန်ဒဏ်ရာရရှိ၍ ထွက်ပြေး သွားခဲ့‌ကြောင်း သိရသည်။

 

"မိမိတို့ မြေပြင်မဟာမိတ်အဖွဲ့များဘက်မှ တစ်စုံတစ်ရာထိ ခိုက်မှုမရှိဘဲ ညောင်ကိုင်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစခန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်" ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

 

ဓာတ်ပုံ။ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

Burma Associated Press

 

 

LPDF
Battle
SAC
kanbalu
Sagaing
Pyu Saw Htee

Share With
bap-logo