bap-logo
Politics

မင်းဘူးခရိုင်၊ ကန်ပြားရဲစခန်းကို PDF ပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်ခဲ့

KEO8UHWeERpQoXJiEgzBG-image

လွန်ခဲ့သော ၂ နှစ် က

မကွေး၊ ဖေဖော်ဝါရီလ ၁၁

 

 

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကန်ပြားရဲစခန်းကို ဖေဖော်ဝါရီလ ၈ ရက် ည (၉) နာရီခန့်က ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့သည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

 

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မင်းဘူးခရိုင်) တပ်ရင်းအမှတ်(၁)၊ မကွေးခရိုင် တပ်ရင်းအမှတ် (၁)၊ မင်းဘူး(ပကဖ)နှင့် ပွင့်ဖြူ(ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ ဘားတိုက်နှင့်နေရာအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။

 

 

အဆိုပါတိုက်ပွဲအတွင်း ရန်သူ့တပ်ဖွဲ့ဝင် (၃၀) ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ရန်သူ့တပ်ဘက်မှ စစ်ကူအင်အားများထပ်မံရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်း စစ်ကြောင်းက အထိအခိုက်အကျအဆုံး(လုံးဝ) မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။

 

ဓာတ်ပုံ - NUG ကာကွယ်ရေး ဝန်ကြီးဌာန

Burma Associated Press

 

NUG
PDF
LPDF
Police Station

Share With
bap-logo