bap-logo
International

သုံးစွဲသူဒေတာများကို တရုတ်အစိုးရနှင့်မျှဝေမည်မဟုတ်ဟု TikTokက အမေရိကန် ကွန်ဂရက်တွင် ကတိပေးမည်

bG48Ks2-zymtV97mCFUtj-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၂

ဗီဒီယိုအတိုဖန်တီးမျှဝေရာ TikTok သည် တရုတ်အစိုးရ၏ ကျေးဇူးခံကျေးဇူးစားမဟုတ်သလို အမေရိကန် နိုင်ငံသား တစ်တော့အသုံပြုသူများ၏ အချက်အလက်များကိုလည်း တရုတ်အစိုးရနှင့် မျှဝေသွားမည်မဟုတ်ဟု တစ်တော့ကုမ္ပဏီစီအီးအိုက ကြာသပတေးနေ့ အမေရိကန်ကွန်ဂရက်တွင် ကတိပေးပြောဆိုသွားမည်ဖြစ် ကြောင်း သိရသည်။

 

စီအီးအို ရှိုဇီခြူက တစ်တော့အက်ပ်ကို အသုံးပြုခွင့်ပိတ်ပင်ခြင်းသည် အမေရိကန် အသေးစားလုပ်ငန်းများ၊ အမေရိကန်စီးပွားရေးအပြင် တစ်တော့အသုံးပြုသူ အမေရိကန်နိုင်ငံသား သန်း ၁၅၀ ကျော်၏ လွတ်လပ်စွာ ပြောဆိုခွင့်ကိုလည်း ထိခိုက်စေမည်ဟု ရှင်းလင်းမည်ဖြစ်ကြောင်း အင်္ဂါနေ့ညထွက်ပေါ်လာသည့် ပြင်ဆင် ထားသည့် ထွက်ဆိုချက်တွင် ဖော်ပြသည်။

 

"ကျွန်တော် ဒီကိစ္စကို ပြတ်ပြတ်သားသား ပြောပါရစေ။ (တစ်တော့မိခင်ကုမ္ပဏီ) ByteDanceဟာ တရုတ် အစိုးရသူလျှိုမဟုတ်သလို ဘယ်အစိုးရသူလျှိုမှ မဟုတ်ဘူး။" ဟု စင်္ကာပူနိုင်ငံသား မစ္စတာခြူက ပြောကြား ထားသည်။

 

TikTok ကို တရုတ်ကမ္ပဏီ ByteDance က ပိုင်ဆိုင်သည်။

 

TikTok သည် ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံရေး၊ အမျိုးသားလုံခြုံရေးနှင့်ပတ်သက်၍ ရီပတ်ဘလီ ကန်နှင့် ဒီမိုကရက်အမတ်များ၏ ပြင်းထန်သည့် ဆန့်ကျင်မှုကိုရင်ဆိုင်နေရသည်။ အမေရိကန်အမတ်များအနေ ဖြင့် မိခင်ကုမ္ပဏီ ByteDance သည် သုံးစွဲသူဒေတာများကို တရုတ်အစိုးရထံ လွှဲပြောင်းပေးရန် တွန်းအား ပေးခံရသည့်အခြေအနေမျိုး ရှိလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

 

မကြသေးမီကာလအတွင်း တစ်တော့သုံးစွဲခွင့် ပိတ်ပင်ရန် တောင်းဆိုမှုများ မြင့်တက်လျှက်ရှိပြီး သမ္မတဘိုင်ဒင် အနေဖြင့် အမေရိကန်နိုင်ငံအတွင်း တစ်တော့အသုံးပြုမှုကို ကန့်သတ် ပိတ်ပင်နိုင်မည့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ကွန်ဂရက်လွှတ်တော်က တွန်းအားပေးလျှက်ရှိသည်။

 

ByteDance အနေဖြင့် တစ်တော့ကို ရောင်းချရန် သို့မဟုတ် အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်ရန် ဘိုင်ဒင်အစိုးရက တွန်းအားပေးလျှက်ရှိကြောင်းလည်း အမေရိကန်မီဒီယာများ၏ ဖော်ပြသည်။

 

မည်သို့ပင်ဆိုစေကာမူ တစ်တော့သည် လစဉ်အမေရိကန် ပြည်သူ ထက်ဝက်ကျော်အသုံးပြုနေသည့် အင်အားကြီး ဆိုရှယ်မီဒီယာအက်ပ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

 

တစ်တော့စီအီးအို၏ ပြောကြားချက်အရ ကမ္ဘာတဝှမ်းတစ်တော့အသုံးပြုသူများအနက် အမေရိကန်နိုင်ငံသား ၁၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

 

TikTok စီအီးအိုက ၎င်းတို့၏ကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံသား အသုံးပြုသူအချက်အလက်များကို မည်သည့်အစိုးရမှ ဝင်ရောက်ခြယ်လှယ်ခွင့်မရှိအောင် ကာကွယ်ပေးမည်ဖြစ်သလို လွတ်လပ်သော စောင့်ကြည့် လေ့လာရေးအဖွဲ့အစည်းများကိုလည်း ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

 

Source – The Straits Times

Burma Associated Press

government
TikTok
China
American

Share With
bap-logo