bap-logo
Politics

အရေးပေါ်ကာလကုန်ဆုံးကာနီးတွင် နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် လိုအပ်ချက်ရှိနေသေးဟု စစ်ခေါင်းဆောင်လေသံပစ်လာ

amEQO9jF9Lu8vZ9e37NtY-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၁၄။

 

စစ်ကောင်စီက ၎င်းတို့ကိုယ်တိုင်တိုးမြင့်ထားသည့် လေးကြိမ်မြောက် အရေး ပေါ်ကာလ ကုန်ဆုံးကာနီးတွင် နိုင်ငံ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် လိုအပ်ချက်ရှိနေသေးဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုလာပြန်သည်။

 

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် ထိုသို့ ထုတ်ပြောလာခြင်း ဖြစ်သည်။

 

ယခုနှစ် အတွင်း ဖောက်ခွဲဖျက်ဆီးမှု အကြိမ် ငါးရာ နီးပါးအတွင်း သေဆုံးသူ ၇၈၂ ဦးရှိခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

 

အကြမ်းဖက်ဖြစ်စဉ်များ လျော့သွားသည်ဆိုသော်လည်း ဆက်လက်ဖြစ်ပွားနေသည့်အတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ ရှိနေသေး သည်ဟုလည်း စစ်ခေါင်းဆောင်ကပြောသည်။

 

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် အဆိုးဆုံး ဖြစ်နေသည့်အတွက် လုံခြုံရေး ပိုမို ဆောင်ရွက်ရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့သည်။

 

စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီလ ရက်တွင် သက်တမ်းတိုးထားသည့် အရေးပေါ်ကာလမှာ ယခု လကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်တွင် အရေးပေါ်အခြေအနေ () တစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ရက်တွင် () တစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် () တစ်ကြိမ်၊ ၂၀၂၃ ဖေဖော်ဝါရီ ရက်တွင် ကြိမ် သက်တမ်းတိုးခဲ့ပြီးဖြစ်သည်။

 

ဓာတ်ပုံ - cincds

 

Burma Associated Press

SAC
Min Aung Hlaing
State of Emergency

Share With
bap-logo