bap-logo
Data

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထူးခြားထင်ရှား ကိန်းဂဏန်းများ

_y0p4VQxmFN2iamdK6nB7-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ မတ် ၁။

 

 

နိုင်ငံရေးပါတီ ၁၃ ခု စစ်ကောင်စီထံ မှတ်ပုံတင်ပြီးဖြစ်

 

စစ်ကောင်စီ၏ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီ ၁၃ ခုမှတ်ပုံတင်ပြီးဖြစ်သည်။

 

 

တစ်ရက်ထဲ မိုင်းထိသူ ၉ ဦး

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်း၊ ထန်းကုန်းတိုက်နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက် တစ်ရက်အတွင်း မိုင်းထိသူ လူ ၉ ဦး ရှိသည်။

 

 

၈ လအတွင်း တရုတ်ကို မြေရှားသတ္တုတင်ပို့မှု ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရှိခဲ့

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့မှု အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော် ရှိခဲ့သည်။

 

 

KNU ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့စလုံးနှုတ်ထွက်ရန် အဖွဲ့ ၆၈ ဖွဲ့တောင်းဆို

 

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ဗဟိုအလုပ်အမှုဆောင် တစ်ဖွဲ့လုံး နှုတ်ထွက်ပေးဖို့ ကမ္ဘာတဝှမ်းရှိ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

 

 

ယခုနှစ်တွင် ရိုဟင်ဂျာ ၄၀၁ ဦး ဖမ်းဆီးခံခဲ့ရ

 

BAP သတင်းဌာနက စုစည်းထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအကုန်အထိ ရိုဟင်ဂျာ စုစုပေါင်း ၄၀၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

 

Burma Associated Press

 

 

SAC
Election
Land mine
Rohingya
KNU
China

Share With
bap-logo