bap-logo
Data

ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံရသူ ၂၀၀ ကျော်ပြီ

YeBwJT_MwmoIgICaaxhN--image

လွန်ခဲ့သော ၃ နာရီ က

 

BAP၊ ဒီဇင်ဘာ ၁၇။

 

 စစ်အုပ်စုက ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံရတဲ့လူ ၂၂၉ ယောက်ရှိပြီလို့ သိရပါတယ်။

 

ရွေးကောက်ပွဲကို အကာအကွယ်ပေးတဲ့ ဥပဒေကို ပြဌာန်းခဲ့တဲ့ ဇူလိုင်လကနေ အခု ဒီဇင်ဘာ (၁၅)ရက်အထိ အမှု ၁၄၀ ရှိပြီး စုစုပေါင်း ၂၂၉ ဦးကို အရေးယူးထားတယ်ဆိုပြီး မနေ့က  ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်အုပ်စု ပြည်ထဲရေးဝန်ကြီးက ပြောခဲ့တာပါ။

 

ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တာဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဆိုတဲ့ ဥပဒေနဲ့ ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ အရေးယူ ခံထားရသူ အမျိုးသား (၂၀၁)ဦး၊ အမျိုးသမီး(၂၈)ဦး စုစုပေါင်း (၂၂၉)ဦးရှိနေပြီလို့ သိရပါတယ်။

 

ဒါ့အပြင် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်သော လှုံဆော်မှုများ၊ဝါဒဖြန့်မှုများ ကျုးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ထပ်ပြောခဲ့ပါသေးတယ်။

 

Burma Associated Press 

Election

Share With
bap-logo