bap-logo
International

တရုတ်သမ္မတရှီကျင်းပင် လာမည့်သီတင်း ပတ်ထဲ ရုရှားသွားရောက်ရန် စီစဉ်နေ

Wu2SzheHqS1yUC4I5Z4__-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၃

 
ပြီးခဲ့သည့်ရက်ပိုင်းက ‌တတိယအကြိမ် တရုတ်သမ္မတသက်တမ်းကို လောလောလတ်လတ် ရယူထားသည့် ရှီကျင်းပင်သည် ရုရှားသို့သွားရောက်၍ ဗလာဒီမီယာပူတင်နှင့်တွေ့ဆုံရန် စီစဉ်လျှက်ရှိပြီး အစောဆုံး လာမည့် သတင်းပတ်ထဲ ဖြစ်နိုင်ဖွယ်ရှိ‌သည်ဟု နီးစပ်သည့်သတင်းရင်းမြစ်များက ပြောသည်။


တရုတ်သမ္မတ၏ ရုရှားခရီးစဉ်ကို ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအကျိုးဆောင်ခရီးစဉ်အဖြစ် အများက မျှော်လင့်လိုကြသော်လည်း တရုတ်-ရုရှားသံတမန်ဆက်ဆံရေး ခိုင်မာလာသည်နှင့်အမျှ အနောက်နိုင်ငံများက ငြိမ်းချမ်းရေးအကျိုးဆောင်ကြိုးပမ်းမှုကို သံသယဖြင့်သာ စောင့်ကြည့်လျှက် ရှိသည်။

 
အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ ပူတင်က တရုတ်သမ္မတအား နွေဦးတွင် ရုရှားသို့ လာရောက်ရန် ဖိတ်ခေါ် ထားကြောင်း ရုရှားနိုင်ငံပိုင် Tass သတင်းဌာနက ဇန်နဝါရီ ၃၀ ရက်ကတည်းက ဖော်ပြခဲ့သလို မော်စကို ခရီးစဉ်မှာ လာမည့် ဧပြီ သို့မဟုတ် မေလအတွင်း ဖြစ်နိုင်ကြောင်းလည်း Wall Street Journal က ဖော်ပြခဲ့သည်။

 
ရှီကျင်းပင်၏ ဖြစ်နိုင်ဖွယ် မော်စကိုခရီးစဉ်နှင့်ပတ်သက်၍ သတင်းအကဲဆတ်မှုကြာင့် အမည်ဖော်ပြရန် ငြင်းဆိုထားသည်။

 
ပူတင်သည် ပြီးခဲ့သည့်လက တရုတ်အစိုးရ ထိပ်တန်းသံတမန် ဝမ်ယိကို လက်ခံတွေ့ဆုံခဲ့ပြီး သမ္မတ ရှီကျင်းပင်၏ ရုရှားခရီးစဉ်အကြောင်း အချက်ပြခဲ့သည်။

 
တရုတ်နှင့် ရုရှားတို့သည် ယူကရိန်းကျူးကျော်စစ်မစတင်မီ သတင်းပတ်အလို၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ပေကျင်းအိုလံပစ်ပွဲ လာရောက်စဉ်အတွင်း နှစ်နိုင်ငံကြား "အကန့်အသတ်မဲ့" ဆက်ဆံရေး တည်‌ဆောက်လျှက် ရှိကြောင် ထုတ်ဖော်ကြေညာခဲ့သည်။ ထို့နောက် တရုတ်-ရုရှား ဆက်ဆံရေးမှာ တစစ နက်ရှိုင်းလာသည်ကို တွေ့ရသည်။

 
တရုတ်သမ္မတရှီကျင်းပင်သည် သမ္မတဖြစ်လာပြီးနောက်ပိုင်း ပူတင်နှင့် ၃၉ ကြိမ် တွေ့ဆုံပြီးဖြစ်ကာ နောက်ဆုံး တွေ့ဆုံခဲ့သည့် အကြိမ်မှာ ဗဟိုအာရှထိပ်သီးအစည်းအဝေးတွင် ဖြစ်သည်။ 


Source/ပုံ – Reuters

Burma Associated Press

Russia
China
Xi Jinping
Vladimir Putin

Share With
bap-logo