bap-logo
International

ဟောင်ကောင်တွင် တီယန်မင်အရေးအခင်း ဆုတောင်းပွဲစီစဉ်သူ သုံးဦး ထောင်ဒဏ်ချမှတ်ခံရ

pCK-3cJKrqmGcaDD-9A-z-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၁

 

ဟောင်ကောင်တရားရုံးတစ်ခုသည် ၁၉၈၉ ခုနှစ် တီယန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနားစီစဉ်သူ သုံးဦးအား ပေကျင်းအစိုးရပြဌာန်းထားသော နိုင်ငံတော်လုံခြုံရေး ဥပဒေ အရ သတင်းအချက်အလက်တောင်းခံမှုကို လိုက်နာဆောင်ရွက်မှုမရှိဟုဆိုကာ ထောင်ဒဏ် လခွဲ ချမှတ်လိုက် သည်။

 

ထင်ရှားသော ၃၈ နှစ်အရွယ် ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၊ တရုတ်နိုင်ငံ မျိုးချစ် ဒီမိုကရက်တစ် လှုပ်ရှားမှုထောက်ခံသော ဟောင်ကောင်မဟာမိတ်အဖွဲ့ ဒုတိယဥက္ကဌဟောင်း Chow Hang-tung သည် တွဲဖက်တရားခံ Tang Ngok-kwan Tsui Hon-kwong တို့နှင့်အတူ ယနေ့ စနေ့တွင် ထောင်ဒဏ် ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

 

လက်ရှိတွင် ဖျက်သိမ်းလိုက်ပြီဖြစ်သည့် ဟောင်ကောင်မဟာမိတ်အဖွဲ့သည် ၁၉၈၉ ခုနှစ် တရုတ်အစိုးရက စစ်သားများ၊ တင့်ကားများဖြင့် ငြိမ်းချမ်းသော ဒီမိုကရေစီဆန္ဒပြပွဲ ဖြိုခွင်းမှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူများကို အောက်မေ့ဖွယ်အထိမ်းအမှတ် ဖယောင်းတိုင်ထွန်းညှိဆုတောင်းပွဲ အဓိကစီစဉ်သည့် အဖွဲ့ဖြစ်သည်။ 

 

ဇွန်လ ရက်တွင် ဆုတောင်းပွဲကို နှစ်စဉ် လူထောင်ချီတက်ရောက်ပြီး တရုတ်မြေတွင်ကျင်းပသည့် အကြီးမားဆုံး အထိမ်းအမှတ်ပွဲတစ်ခုလည်းဖြစ်သည်။

 

စနေနေ့ တရားရုံးက ပြစ်ဒဏ်မချမီ Chow က တရားသူကြီးအာခံကာ ၎င်းတို့အား ထောင်ဒဏ်ချမှတ်မှုမှာ နိုင်ငံရေးပယောဂမကင်းကြောင်း ပြောဆိုခဲ့သည်။

 

"ကျွန်မတို့ အရင်လုပ်ခဲ့တဲ့အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ။ မုသားကို အမှန်တရားနဲ့ တိုက်ရမယ်၊ သိက္ခာချမှုတွေကို ဂုဏ်သိက္ခာနဲ့ တိုက်ရမယ်၊ လျှို့ဝှက်ထားမှုကို ပွင့်လင်းမြင်သာမှုနဲ့ တိုက်ရမယ်၊ မိုက်မဲမှုကို ကျိုးကြောင်းဆင်ခြင်မှုနဲ့ တိုက်ရမယ်၊ သွေးခွဲမှုကို စည်းလုံးမှုနဲ့ တိုက်မှရမယ်။ ဒီလို မတရားမှုတွေအတွက် လိုအပ်ပါက လမ်းပေါ်မှာဖြစ်စေ၊ တရားခွင်မှာဖြစ်စေ၊ ထောင်ထဲမှာဖြစ်စေ ကျွန်မတို့ တိုက်ပွဲဝင်သွားမယ်" ဟု တရားသူကြီးက ကြားဖြတ်နှောင့်ယှက်သည့်ကြားက ပြောဆိုခဲ့သည်။

 

ဟောင်ကောင်ဒီမိုကရေစီမဟာမိတ်အဖွဲ့မှာ ထောက်ပံ့ငွေ ဟောင်ကောင်ဒေါ်လာ ၂၀,၀၀၀ လက်ခံကာ အမည် မဖော်သော အဖွဲ့အစည်းတစ်ခုအတွက် လှုပ်ရှားနေသည့် ပြည်ပသူလျှိုအဖွဲ့တစ်ခုဖြစ်ကြောင်း အစိုးရရှေ့နေ Ivan Cheung က စွပ်စွဲပြောကြားခဲ့သည်။

 

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများအား တရားစွဲဆိုသည့်ဥပဒေအရ ခွဲထွက်ခြင်း၊ အဖျက်အမှောင့် လုပ်ခြင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် လျှို့ဝှက်ပူးပေါင်း၍ မြို့တော်အရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် အကြမ်းဖက်လုပ်ဆောင်ခြင်းသည် ရာဇဝတ်မှုမြောက်ကြောင်း ဖော်ပြထားသည်။

 

၂၀၂၀ ခုနှစ်တွင် အဆိုပါဥပဒေပြဌာန်းပြီးနောက်ပိုင်း ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူ အများအပြား နှုတ်ပိတ်ခြင်း သို့မဟုတ် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရသည်။

 

Source – Reuters/Al Jazeera

ပုံ - တီယန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု အောက်မေ့ဖွယ်အခမ်းအနား မြင်ကွင်းတစ်ခု။

 

Burma Associated Press

 

Hong Kong
protest
arrest

Share With
bap-logo