bap-logo
Data

ယခုနှစ် လေးလတာအတွင်း စစ်တပ်ထောက်ခံ သူ လေးထောင်နီးပါး သေဆုံး၊ နှစ်ထောင်နီးပါး ဒဏ်ရာရ

UecTUOo-34Wu9rXykQVgG-image

လွန်ခဲ့သော ၂ နှစ် က

မေ ၅။

 

ယခုနှစ် ပထမ လေးလတာအတွင်း စစ်ဆင်ရေးများတွင် စစ်တပ်ထောက်ခံသူ ၃,၉၄၈ ဦး သေဆုံးပြီး ၁,၇၆၀ ဦး ထိခိုက်ဒဏ်ရာရသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (Ministry of Defence) က ယနေ့ ထုတ်ပြန်သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့များသည် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဒရုန်း တိုက်ခိုက်မှု ၁၉၃ ကြိမ်၊ စခန်းသိမ်း တိုက်ပွဲ ၄၄ ကြိမ်၊ အရေးကြီးပစ်မှတ် တိုက်ခိုက်မှု ၂၆ ကြိမ်နှင့် မြေပြင် ထိတွေ့တိုက်ပွဲ အကြိမ်ရေများစွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တိုက်ပွဲများအတွင်း ထိုးစစ်အသွင်ဆောင်သော ပြောက်ကျားစစ်ဆင်ရေးများဖြင့် တိုက်ခိုက်ခဲ့ပြီး ရန်သူ့တပ်၏ ရှေ့တန်းစခန်းများ၊ စစ်ကြောင်းများကိုသာမက တပ်ရင်းတပ်ဖွဲ့ နောက်တန်းစခန်း၊ စစ်တိုင်းဌာနချုပ်၊ ခြေမြန် တပ်မဌာနချုပ် (တမခ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လေတပ် စခန်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) စစ်လေယာဉ်ကွင်း၊ ဆီသိုလှောင်ကန်များကို Drone ရှော့တိုက်ဒုံးနှင့် တာဝေးပစ် Rocket များဖြင့် တိုက်ခိုက်ခဲ့သည်ဟု MODက ဆိုသည်။

 

အဆိုပါစစ်ဆင်ရေးများကို နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး စသည့် တိုင်းဒေသကြီးများနှင့် ကရင်၊ မွန်၊ ကချင်၊ ချင်း၊ ကရင်နီ(ကယား) ရှမ်း (တောင်ပိုင်းနှင့် မြောက်ပိုင်း) အစရှိသည့် ပြည်နယ်များတွင် ဖော်ဆောင်တိုက်ခိုက်ခဲ့သည်ဟု MODက ဆိုသည်။

 

ပုံ-MOD

ပုံစာ- PDFနှင့် ပူးပေါင်းတပ်များ၏ ကျောက်ပန်းတောင်း၊ ပွေးကျစ်ရဲစခန်းသိမ်းတိုက်ပွဲမှ ရရှိခဲ့သည့် လက်နက် များ

Burma Associated Press

 

Myanmar
Coup
Military
PDF
conflict

Share With
bap-logo