bap-logo
Data

ထိုင်းနိုင်ငံမှာ ၄ လအတွင်း မြန်မာရွေ့ပြောင်း လုပ်သား ၉၀၀ ကျော် ဖမ်းဆီးခံရ

5I7QAs4ibXoUxZGIkI-Rj-image

လွန်ခဲ့သော ၂ နှစ် က

မေ ၁။

BAP သတင်းဌာနက စုစည်းထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်ထိ လ အတွင်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာရွေ့ပြောင်းအလုပ်သမား စုစုပေါင်း ၉၃၉ ဦး ရှိသည်။

 

အဆိုပါ အရေအတွက်တွင် ထိုင်း-မလေးရှား နယ်စပ်မှာ ဖမ်းဆီးခံရမှု ဖြစ်စဥ် အပါအဝင် ထိုင်းနိုင်ငံတွင်း ဖမ်းဆီး ခံရမှု စုစုပေါင်း ၃၇ ခု အရေအတွက်မှ ဖြစ်ပြီး အနည်းဆုံး အမျိုးသမီး ၁၆၈ ဦး၊ အသက် ၁၈ နှစ်အောက် ကလေး ငယ် ၃၄ ဦးနှင့် လမ်းပြသို့မဟုတ် ပွဲစား ၂၀ နီးပါးလည်း ပါဝင်သည်။

 

ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူ သို့မဟုတ် ထိုင်းနိုင်ငံတွင်း ရောက်ရှိနေပြီး အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေကြသည့် ရွေ့ပြောင်း အလုပ် သမားတို့ ဖြစ်ကြသည်။

 

ဆုန်ခလာခရိုင်၌ ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး ပရာကျွတ်ခီလီခမ်ခရိုင်တွင် ဒုတိယအများဆုံး ဖြစ်ကာ အဆိုပါ ခရိုင်များအတွင်း ဖမ်းဆီးခံရသူ အရေအတွက်မှာ ၂၀၀ နှင့်အထက် ရှိသည်။

 

လအလိုက် ဖမ်းဆီးခံရမှုတွင် ဇန်နဝါရီလ၌ ဖမ်းဆီးခံရမှု ၁၁ ကြိမ်၊ ဖေဖော်ဝါရီ လ၌ ၁၆ ကြိမ်၊ မတ်လ၌ ကြိမ်၊ ဧပြီလ၌ ကြိမ်ဖြစ်သည်။

 

အထက်ပါ သတင်းဖော်ပြပါ ကိန်းဂဏန်းများသည် မြန်မာရွေ့ပြောင်း လုပ်သားများ ဖမ်းဆီးခံရမှု သတင်းများမှ စုစည်းထားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် နေ့ရက်၊ နေရာနှင့် ဖမ်းဆီးခံရသည့်ဦးရေ စသည့် အချက်အလက်များ ပါဝင်သည့် သတင်းကိုသာ ကောက်နှုတ်ယူပြီး တွက်ချက်ထားခြင်း ဖြစ်သည်။

 

ပုံစာ - ဧပြီလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရစဉ်

 

Burma Associated Press

Thailand
Myanmar
migrant worker
arrest

Share With
bap-logo