bap-logo
Data

ဧပြီလတွင်း စစ်ကိုင်းတိုင်းတွင် နေအိမ်မီးရှို့ခံရမှုနှင့် အရပ်သား သတ်ဖြတ်ခံရမှု အများဆုံးဖြစ်

yT1LZ8I2VLwSlCNm4g9o5-image

လွန်ခဲ့သော ၂ နှစ် က

မေ ၅။

 

စစ်ကိုင်းတိုင်းတွင် ဧပြီလအတွင်း နေအိမ်မီးရှို့ခံရမှုနှင့် အရပ်သား သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဧပြီလအတွင်း နိုင်ငံအဝှမ်း နေအိမ်အဆောက်ဦပေါင်း ၃,၈၆၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းတွင် ၁,၉၄၃ လုံး အများဆုံး မီးရှို့ခံခဲ့ရသည်။

 

တစ်လအတွင်း နိုင်ငံအဝှမ်း အရပ်သားပြည်သူပေါင်း ၂၇၃ ဦး သတ်ဖြတ်ခံရပြီး စစ်ကိုင်းတိုင်းတွင် ၂၁၂ ဦး အများဆုံးသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

 

နိုင်ငံအဝှမ်း သတ်ဖြတ်ခံရသူများတွင် အမျိုးသား ၁၇၈ ဦး၊ အမျိုးသမီး ၃၉ ဦး၊ ကလေးသူငယ် ၄၉ ဦးနှင့် မသန်စွမ်းသူ ၅ ဦး၊ သာသနာပြု တစ်ဦးနှင့် ကျား/မ မခွဲနိုင်သူ တစ်ဦး ပါဝင်သည်ဟု သိရသည်။။

 

မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅၇ ဦး ရှိကာ ကချင်ပြည်နယ်က ပြည်သူ ၇၆ ဦး အများဆုံး ဖမ်းဆီး ခံထားရပြီး တစ်လအတွင်း ပြည်သူ ၁၇၇ ဦး စစ်ကောင်စီ အကြမ်းဖက်ခြင်း ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်က တဆင့် သိရသည်။

 

Burma Associated Press

Myanmar
Military
Burned
killed
Civilian
house
Sagaing

Share With
bap-logo