bap-logo
Data

ကေအဲန်ယူ ​ညောင်​လေးပင်ခရိုင် ကျေးရွာ ၁၈ ရွာမှ လယ်ဧက ၇ ​ထောင်​ကျော် ရေနှစ်မြှုပ်ခဲ့

1kVeWecyEp_hsR6lHDnP0-image

လွန်ခဲ့သော ၂ နှစ် က

အောက်တိုဘာလ ၁၇။

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို(ကျောက်ကြီး) မြို့နယ်တွင်ရေကြီးရေလျှံမှုများကြောင့် ဘယ်ဧက ထောင် ​​​ကျော် နစ်မြှုပ်ခဲ့ကြောင်းသိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ယနေ့အချိန်အထိ ရေကြီး ရေလျှံ မှုများကြောင့် မြေပြန့်ဒေသများရှိ ကျေးရွာများနှင့် လယ်ကွင်းအများစု ရေနှစ်မြှုပ်ခဲ့ကြရပြီး မြောက်များစွာသော စပါးခင်းများ ပျက်စီးဆုံးရှုံးရသည်ဟု KNU ကဆိုသည်။

 

ကျေးရွာအဆင့် မြေယာကော်မတီများမှ ပေးပို့လာသော စာရင်းများအရ ကျေးရွာစုစုပေါင်း ၁၈ ရွာမှ လူဦးရေ စုစုပေါင်း ,၈၇၆ ဦးမှာ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက် ရှိသည်ဟု ဆိုသည်။

 

နစ်မြှုပ်ခဲသည့် လယ်ဧက ထောင်ကျော် အနက် ဧက ထောင်ကျော်မှာ ပျက်စီးဆုံးရှုံးသွားခဲ့ရသည်ဟု ဆိုသည်။

 

ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများသော ကျေးရွာများမှာ သူးကဘီး၊ နိုဂေါ်၊ ပဲသောင်၊ လိန်ပင်ဝဲ၊ ဒလဆိပ်၊ သစ်ဖရောင်းတန်း၊ ကျွန်းကြီး၊ လှေတန်း၊ ထိုးဝါးစိုက်၊ ကျီးပင်စု၊ ဝက်လာတော၊ နတ်သံကွင်း၊ဘဟီဖိုးဒဲ၊ ပါတလာ၊ စဖျင်ကြီး၊ မမယမ်း၊ ထိုက်ထူ၊ တောခို တို့ဖြစ်သည်ဟု KNU ကဆိုသည်။

 

ဓါတ်ပုံခလယ်လွီထူခရိုင်သတင်းနှင့်ပြန်ကြားရေး

 

Burma Associated Press

KNU
flood

Share With
bap-logo